၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်၊ ခေတ်မျတ်လုံး။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ကော့ကရိတ်မြို့မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အများအပြားအသုံးပြုပြီး ပြည်သူလူထုရဲ့ နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူအများအပြားရဲ့ နေအိမ်တွေ ပျက်စီးခဲ့ရပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြေလျင်တပ်တွေရဲ့အခြေအနေ ဆိုးရွားနေတာကြောင့် လေကြောင်းပစ်ကူ အများအပြားအသုံးပြုနေရပြီး တောင့်ခံထားတယ်လို့ Lion Battalion က ပြောဆိုထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်ကလည်း ကျဆုံးမှုရှိခဲ့ကာ သတင်းအပြည့်အစုံကို ထပ်မံတင်ပြသွားမယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ Lion Battalion ဗျူဟာစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။