ကရင်ပြည်နယ် သံတောင်မြို့ရှိ လူနေအိမ်များကို မတ်(၄) ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီလိုမီးရှို့ဖျက်ဆီးခံရတာကြောင့် သံတောင်မြို့ရှိ နေအိမ် (၄)လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး အခြားနေရာများတွင် မီးရှို့ခံရတဲ့နေအိမ်တွေရှိနေသေးကြောင်း ဒေသခံများက ပြောကြားသည်။
စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၂) KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား စစ်ရေးတင်း မာမှုကြောင့် သံတောင်မြို့ပေါ်နှင့်အနီးအနားကျေးရွာများရှိ ဒေသခံများသည် နေအိမ် စွန့်ခွာ၍ ဘေးကင်းရာသို့ တိမ်းရှောင်နေရကြောင်း အချိန်နှစ်လနီးပါး ကြာမြင့်လာပြီဖြစ်တာကြောင့် စားရေး သောက်ရေးအပြင် နေထိုင်ရေးပခက်ခဲမှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
သံတောင်မြို့ ဘိုတဲကုန်းရွာအတွင်း စစ်ကောင်စီတပ်မှ လက် နက်ကြီးများနဲ့ ပစ်ခတ်ဝင်ရောက် စစ်ကြောင်းထိုးလာပြီး နေအိမ်တစ်လုံးအပါအဝင် ဆိုင်ကယ်လေးစီးကို မီးရှို့ခဲ့ပြီး ဒေသခံနှစ်ဦး ကို ယခုချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီး ကျည် ထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။