စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့တယ်လို့သိရပါတယ်။
အခုအကြိမ်နဲ့ ဆိုရင် ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီး ခံရတာလည်းဖြစ်ပါတယ်။
စစ်တပ်မီးရှို့ဖျက်ဆီး တာကြောင့်နေအိမ် ၆၅လုံးမီးလောင်ပြာကျခဲ့ရပြီး စစ်ရှောင်အဘွားအိုတစ်ဦးလည်း အမောဖောက် သေဆုံးခဲ့ရတယ်လို့
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ဇွန်လ ၁ရက်မှစ၍ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် ဇွန်လ ၄ရက် ညနေပိုင်းက ကံသစ်ကျေးရွာ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များတွေကပြောကြားပါတယ်။
အဆိုပါ စစ်ကြောင်းကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်အာဏာသိမ်းချိန်မှစ၍ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၇၄ ရွာမှ နေအိမ် ၆,၀၀၀ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တစ်မြို့နယ်လုံး မီးဘေးသင့် ဒေသခံပြည်သူ သုံးသောင်းကျော်ရှိနေကာ အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
Era’sEye/(ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)