ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေတစ်ခုလုံးကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်များနဲ့ ပစ်ခတ်နေပြီး ပြည်သူတချို့ဒဏ်ရာ ရရှိနေကာ ပြည်သူတွေရဲ့နေအိမ်တွေ ပျက်စီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










ဒီနေ့ မနက် ၆ နာရီခွဲနဲ့ ၇ နာရီအကြားမှာ ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့တို့ကို ချိတ်ဆက်ထားတဲ့ စစ်တောင်းမြစ်ကူးတံတား ထက်ပိုင်းကျိုးကျခဲ့ပါတယ်။
လက်ရှိမှာ နတ်သံကွင်းမြို့အတွင်းမှ အနည်းဆုံး စစ်ဘေးရှောင် ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဦးတည်ရာမဲ့ ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။
Era’sEye/Photo/CRD