နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရက္ခိုင့်တပ်တော် AA ရဲ့ လုပ်ကြံမှုကို သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြပြီး ဆက်လက် ဆောင်ရွက်မည်ဟု ALP ဆို

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ရဲ့ ထိပ်ပိုင်း အရာရှိတွေ လုပ်ကြံခံရတာနဲ့ ပက်သက်ပြီးတော့ ရက္ခိုင့်တပ်တော် AA က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခဲ့တာလို့ ALP က ပြောဆိုလိုက်ပါတယ်။
“နံပါတ် ၁ က ကျွန်တော်တို့မှာ သက်သေ သာဓကတွေ ရထားပြီးသားရှိတယ် ဒါတွေကို ကျွန်တော်တို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို ကျွန်တော်တို့ တင်ပြပြီးတော့ ဆောင်ရွက်စရာရှိတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါခင်ဗျ”
ALP ရဲ့ အတွင်းရေးမှုးအဖွဲ့ဝင် ဗိုလ်မှူးခိုင်သူရိန်က ပြောပြတာပါ။အချက် အလက်တွေကတော့ ထုတ်ဖော်လို့ မရတဲ့အတွက် သက်ဆိုင်ရာကိုဘဲဲ တင်ပြတာတွေ လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။


အခုနှစ်ရဲ့ ဇန်နဝါရီလ အစောပိုင်းတုန်းက ALP ရဲ့ စစ်ဦးစီးချုပ်် အပါအဝင် အရာရှိအဆင့် ၃ ဦး သတ်ဖြတ်လုပ်ကြံခံခဲ့ရပါတယ်။ ပြီးတော့ အခုလရဲ့ ၁ ရက်နေ့မှာလဲ ALP ရဲ့ ဒုဥက္ကဌ အပါဝင် တပ်ရင်းမှူး တစ်ဦးနဲ့ တပ်သား တစ်ဦး လုပ်ကြံခံခဲ့ရတာပါ။
“နောက်အများကြီး ကျွန်တော်တို့ ဒီထက်ပိုပြီး သတိထားရမှာပါ အဓိက ကိုယ်က ကိုယ့် လူမျိုးအချင်းချင်း တိုင်းရင်းသား အချင်းချင်း ဆိုတဲ့အမြင်မျိုး ထားပေမယ့် တစ်ဖက်က ကိုယ့်ကို ရန်သူလိုမျိုးမြင်တယ်ဆိုတဲ့ အမြင်ကို ကျွန်တော်တို့က ပိုပြီးတော့ သတိထားရတော့မှာပေါ့ ရန်သူကို ရန်သူလို မြင်တက်ဖို့ ဂရုစိုက်ရမှာပေါ့”
လုပ်ကြံခံရမှူဖြစ်စဉ်တိုင်းဟာ စစ်တွေမြို့ပေါ်မှာပဲ ဖြစ်ပြီးတော့ အခုတစ်ခေါက်မှာဆိုရင်လည်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ ဖြစ်စဉ် ၂ ခုလုံးဟာ ရက္ခိုင့်တပ်တော် AA ရဲ့ လုပ်ကြံမှုဖြစ်တယ်လို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
“အဓိက ကျွန်တော်တို့ ကြားထဲမှာ ကြီးကြီးမားမား ဖြစ်စရာလည်း ဘာမှမရှိဘူး သူတို့လည်း လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို လိုက်တယ် ကျွန်တော်တို့လည်း လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ဟိုအရင်ကတည်းက လိုက်ခဲ့ကြတယ် နောက်ပိုင်း ကျွန်တော်တို့က NCA လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး လမ်းစဉ်ပေါ်ကနေ ကျွန်တော်တို့က ထပ်သွားတယ် သူတို့ကတော့ လက်နက်ကိုင်တော်လှန်ရေးမှာပဲ ဆက်ကျန်ခဲ့တယ်ပေါ့ ပြဿနာ ဖြစ်စရာ အငြင်းပွားစရာလဲ မဟုတ်ဘူး ဘာမှလည်း ပြဿနာ လုပ်ရမယ့် ကိစ္စတွေလည်း မရှိဘူး အဲဒီလို တစ်ဖက်သက်ကြီးတွေပေါ့နော် ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့ ပုံစံမျိုးနဲ့ အတွေးအခေါ်မျိုးကြီးရှိနေတာတော့ သိပ်အဆင်မပြေဘူးပေါ့”
အရင်က ALP တပ်ဖွဲ့ဝင်တွေကို ရက္ခိုင့်တပ်တော် AA ဘက်က ဖမ်းဆီးထိမ်းသိမ်းတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုလို လုပ်ကြံမှုဖြစ်စဉ်တွေနဲ့ ပါက်သက်လို့ AA ဘက်ကတော့ သူတို့ အဖွဲ့အစည်းနဲ့ မသက်ဆိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီထုတ်ဖော်ပြောဆိုမှုအပေါ်ကိုတော့
“ဒါကတော့ သူတို့ရဲ့ ပြောပိုင်ခွင့်ဘဲ သူတို့ ပြောပိုင်ခွင့် ဘောင်ထဲက သူတို့ ပြောတာ ကျွန်တော်တို့ကလည် ကျွန်တော်တို့ ရရှိထားတဲ့ သက်သေတွေ အချက်အလတ်တွေနဲ့ ကျွန်တော်တို့က ဆက်လက် ဆောင်ရွက်မှာပဲ ရှိတယ်”

Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 58 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို