နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီက စက်တင်ဘာလတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၀ ကျော်နဲ့ လက်နက်ကြီး အကြိမ် ၄၀၀ ပစ်ခတ်ခဲ့တယ်လို့ TNLA အသိပေး

တအာင်းတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာအတွင်း တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၂၀ ကျော်နဲ့ လက်နက်ကြီး အကြိမ် ၄၀၀ ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ ၅ ဦး ထက် မနည်းသေဆုံးခဲ့တယ်လို့ TNLA က အသိပေးလာပါတယ်။


စက်တင်ဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က မူဆယ်၊ ကွတ်ခိုင်နဲ့ မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်က TNLA ရှိရာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သလို TNLA ဘက်က တန်ပြန်ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာတွေလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာကာ မူဆယ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး TNLA တပ်မဟာ(၁) လွယ်မောက် တပ်စခန်းကို ပေါင် ၅၀၀ ဗုံးနဲ့ နှစ်ကြိမ်၊ ကွတ်ခိုင်မြို့ နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး ငေါ့ငါးကျေးရွာ အနီး ပြင်းထန်တဲ့ ဖျက်အားပြင်း ဗုံးတစ်မျိုးဖြစ်တဲ့ ပေါင် ၅၀၀ ဗုံး တစ်လုံးအပါအဝင် ဗုံးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့သလို မိုးကုတ်မြို့နယ်မှာလည်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် အသက် ၁၁ နှစ် ကလေးအပါအဝင် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရသလို အရပ်သား ပြည် သူ ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရကာ ဘာသာရေး အဆောက်အဦး၊ ပညာရေး အဆောက်အဦးနဲ့ လူနေ အိမ်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ TNLA ရဲ့ စာစောင်မှာ ဖော်ပြထား ပါတယ်။

ဒါပြင် TNLA တပ်စခန်းတွေရရှိနိုင်ရေးကို စစ်ကောင်စီက ကြိုးပမ်းနေတာဖြစ်ပြီး မူဆယ်မြို့မှ ၁၀ မိုင်ခန့်အကွာ မူဆယ်-နမ့်ခမ်းလမ်းမကြီးအနီး မူဆယ်-နမ့်ခမ်း-ကွတ်ခိုင် စတဲ့ မြို့နယ်သုံးခု ဆုံရာမှာ တည် ရှိတဲ့ စစ်ရေးအရ ဗျူဟာကျတဲ့ လွယ်တေမှိုင်းတောင်ပေါ်ရှိ TNLA စခန်းကို စစ်တပ်က အခုလ ဒုတိယပတ်ကတည်းက ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ TNLA နဲ့ စစ်ကောင်စီတပ်တွေဟာ အခုနှစ် ဇူလိုင်ကစပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က ထိခိုက်တာတွေ ရှိသလို၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 58 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို