နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

1027 Operations

1027 Operations Burma Civil War

ကောလင်းမြို့ပေါ်က ရဲစခန်းနဲ့ စခန်းချတပ်စွဲထားတဲ့ စစ်တပ်စခန်းတစ်ခုကို တော်လှန်ရေးရဲဘော်တွေ သိမ်းပိုက်နိုင်ခဲ့

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မြို့ပေါ်က ရဲစခန်းနဲ့ အထက (၁) ရှိ စစ်ကောင်စီစခန်းချတဲ့ တပ်စခန်းတွေကို တော်လှန်ရေးရဲဘော်တွေက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဒီကနေ့မှာ မြေပြင်တပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

နိုဝင်ဘာလ (၃)ရက်နေ့ နံနက် (၁)နာရီနောက်ပိုင်းကစပြီး ကောလင်း PDF၊ ပကဖနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကောလင်းမြို့သိမ်းတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ (၅)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်မှာ ကောလင်းမြို့ရဲစခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေကို တော်လှန်ရေးရဲဘော်တွေက အန္တရာယ်ကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ကာ လုံခြုံတဲ့နေရာမှာ ထားရှိကြောင်း Kawlin Revolition-KR-Teams က ပြောဆိုထားပါတယ်။

“ ညနေပိုင်းမှာ ကောလင်းမြို့ထွေအုပ်ရုံးအနီးမှာပဲ စကစတွေကျန်တယ်။ မြို့ကိုသိမ်းနိုင်ဖို့ ထွေအုပ်ရုံးပဲကျန်တော့တဲ့အချိန် စကစဘက်က ၃ ရက်ဆက်တိုက် တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေသုံးပြီး ဗုံးကျဲပစ်ခတ်ခဲ့ပါတယ်” လို့ KR-Teams က ဒီက‌နေ့ နံနက်ပိုင်းမှာ ပြောပါတယ်။

ကောလင်းမြို့ကို လျှပ်စစ်မီးဖြတ်တောက်ထားကာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ အခြားဆက်သွယ်နိုင်တဲ့ အရာတွေပါ ဖြတ်တောက်ခဲ့ပြီး နိုဝင်ဘာလ (၄)ရက် တစ်ရက်ထဲမှာ စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေထဲ ဗုံးကျဲပစ်ခတ်တာ (၇) ကြိမ်တိတိ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ကောလင်းမြို့က စစ်အုပ်စုဟာလည်း ပြည်သူတွေကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးကာ နေအိမ်မီးလောင်မှုများရှိခဲ့ပြီး အရေအတွက် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

သေဒဏ်အထိချမှတ်နိုင်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 36 Views
ဇွန်လ (၁၉)ရက်။ မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသဖြစ်စေဖို့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု‌နဲ့ ပြစ်ဒဏ်တွေကို ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
1027 Operations

စစ်ကော်မရှင်ငြိမ်းချမ်းရေးအဖွဲ့ မိုင်းလားမှာ NDAA ကို သွားတွေ့

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 41 Views
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ နိုင်ငံရေးရည်မှန်းချက်ကို ဆုပ်ကိုင်ထားတယ်လို့ NDAA ပြော ဇွန်လ (၁၉)ရက်။ ဇွန်လ (၁၇)ရက်နေ့က မိုင်းလားဒေသမှာ ရာပြည့် ဦးဆောင်တဲ့
1027 Operations

မဟာမိတ်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 165 Views
TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော မတ်လ (၁၄)ရက်။ မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိင်းပြီး အဖြေရှာသွားမယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကွတ်ခိုင်မြိုမှာ
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 1.29K Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတင်းမာတာတွေ ဖြစ်ပွားတဲ့ကာလထဲ အပြန်အလှန် ရိုက်နှက်တာကြောင့် နှစ်ဖက်
1027 Operations

တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း (၅၀၀)ဦးကို MNDAA ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 292 Views
ဇန်နဝါရီလ (၂၆)ရက်။ တိုက်ပွဲထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း (၅၀၀)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို လူသားစာနာမှုအနေနဲ့ တရုတ်ပြက္ခဒိန်အရ မနေ့က တာကျောင်မဟာပူဇော်ပွဲ (၇)ရက်မြောက်နေ့ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲ အခမ်းအနားမှာ
1027 Operations

“ ဝ” အနေနဲ့ ဘယ်လိုလက်နက်နဲ့ ကိရိယာကိုမှ ပံ့ပိုးတော့မှာမဟုတ်ဘူးဆိုပြီး MNDAA၊ TNLA၊ SSPP တို့နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 321 Views
ဩဂုတ်လ (၂၁)ရက်။ UWSA အနေနဲ့ MNDAA၊ TNLA နဲ့ SSPP စတဲ့ လက်နက်ကိုင်(၃)ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို MNDAA၊ TNLA နဲ့
1027 Operations

တအာင်းပြည်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၂၇)ဦးသေဆုံးပြီး (၈၂)ဦးထိခိုက်ခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 1.98K Views
ဩဂုတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ တအာင်းဒေသရှိ မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ကြဲချပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတလတာထဲ
1027 Operations

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ လေကြောင်းဗုံးကြဲခံရ၊ ကလေးငယ်တွေအပါအဝင် ပြည်သူ (၁၀)ဦးကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 1.25K Views
ဩဂုတ်လ (၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မိုးကုတ်မြို့အနောက်ပိုင်း လူနေရပ်ကွက်ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မိုးကုတ်မြို့အနောက်ပိုင်း ဦးရွှေမောင်းဆိုင်ရှေ့ လမ်းပေါ်ကို လေကြောင်းကနေ ဗုံး(၂)လုံး ကြဲချသွားတာ။