နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

Hamas-Israel Conflict

Hamas-Israel Conflict ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်တာကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန်ကနေ ဘာလင်မြို့အထိ ဆန္ဒပြသူများက ချီတက်ဆန္ဒပြ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ဝါရှင်တန်။

ဝါရှင်တန်မှ မီလန်မြို့၊ မီလန်မှ ပါရီမြို့အထိ ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြသူထောင်ပေါင်းများစွာ စနေနေ့က ချီတက်ခဲ့ကြပြီး ဂါဇာကမ်းမြောင်ကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြပါတယ်။ ချီတက်ပွဲများမှာ အရပ်သားများသေဆုံးမှုနဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း တိုးများလာတဲ့ မငြိမ်သက်မှုများကို ထင်ဟပ်စေပါတယ်။

အထူးသဖြင့် အမေရိကန်၊ ယူကေနဲ့ ပြင်သစ်တို့ အပါအဝင် မွတ်ဆလင်ဦးရေ များပြားသော နိုင်ငံတွေမှာ ဆန္ဒပြသူတွေဟာ အစ္စရေးအား ဂါဇာကမ်းမြောင်ရှိ ဆေးရုံတွေနဲ့ လူနေရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းထန်လာချိန်မှာ သူတို့ရဲ့ အစိုးရများက အစ္စရေးကို ထောက်ခံမှုအပေါ် စိတ်ပျက်မိကြောင်း ဖော်ပြခဲ့ကြပါတယ်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း ပါလက်စတိုင်း သေဆုံးသူ ၉,၄၄၈ ဦးအထိ ရှိခဲ့ကြောင်း ဂါဇာရှိ ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးမှာ လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အောက်တိုဘာ ၇ ရက်က စစ်ပွဲစတင်ခဲ့သည့် ဟားမတ်စ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရပါတယ်။

အမေရိကန်တွင် ဘိုင်ဒင်အစိုးရက အစ္စရေးကို ထောက်ခံမှုနဲ့ ဂါဇာမှာ စစ်ရေးလှုပ်ရှားမှုကို ကန့်ကွက်ရန် လူထောင်ပေါင်းများစွာ နိုင်ငံရဲ့ မြို့တော်တွေမှာ စုဝေးခဲ့ကြပါတယ်။

“ပါလက်စတိုင်း လွတ်မြောက်လာလိမ့်မယ်” လို့ အနက်ရောင် ကာဖီယေးများ ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူများဟာ ကြီးမားလှတဲ့ ပါလက်စတိုင်းအလံကို လွှင့်ထူကာ အိမ်ဖြူတော်သို့ ဦးတည်တဲ့ ပင်ဆယ်ဗေးနီးယား ရိပ်သာလမ်းမှာ ပြည့်နှက်နေတဲ့ လူအုပ်ကြီးက ကြွေးကြော်ခဲ့ကြပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ကို တိုက်ရိုက်ဝေဖန်မှုပြုရန်၊ ကလီဗလင်မြို့မှ ရီနတ်ဒါယန်မ် (Renad Dayem) က သူမဟာ မိသားစုနဲ့အတူ ခရီးထွက်ခဲ့ပြီး “ပါလက်စတိုင်းလူမျိုးများ ခံနိုင်ရည်ရှိကြတယ်” “အစ္စရေးအစိုးရရဲ့ ရုပ်သေးမဟုတ်တဲ့ ခေါင်းဆောင်တစ်ဦးကို ကျွန်ုပ်တို့ လိုချင်ပါတယ်” လို့ သူမရဲ့ သားသမီးတွေက လူတွေကို သိစေခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့ အဖြူရောင် ကိုယ်ထည်အိတ်လေးတွေဟာ အစ္စရေးရဲ့ ဒုံးကျည်တွေနဲ့ ပစ်သတ်ခံခဲ့ရတဲ့ ကလေးငယ်တွေရဲ့ နာမည်တွေနဲ့ လမ်းပေါ်မှာ တန်းစီနေပြီး အပစ်အခတ်ရပ်စဲရေး ချက်ချင်းရပ်ပေးဖို့ တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ “ဘိုင်ဒင်က ငါတို့ကို သစ္စာဖောက်တယ်” နဲ့ “နိုဝင်ဘာလကို ငါတို့ မှတ်မိတယ်” ကဲ့သို့သော ဆိုင်းဘုတ်တွေနဲ့ နဖူးစည်းတွေ ကိုင်ဆောင်ကာ အဲ့ဒီပြဿနာက ဘိုင်ဒင် သမတပြန်လည်ရွေးကောက်ပွဲ ဝင်ရန် အခက်အခဲ ဖြစ်စေမယ့် အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ကြောင်း မီးမောင်းထိုးပြလိုက်ပါတယ်။

ပါလက်စတိုင်း သေဆုံးမှု ထောင်နဲ့ချီရှိနေပေမဲ့ ဘိုင်ဒင်အစိုးရဟာ အစ္စရေးအား ထောက်ခံနေမှုဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးမယ်ဆိုတာကို ပြန်လည်စဉ်းစားစရာ ဖြစ်လာကြောင်း နယူယောက်မှာနေထိုင်သူ အသက် ၂၇ နှစ်အရွယ် ဂျင်နင်း အန်နာဆရီ (Jinane Ennasri) က ပြောကြားခဲ့ပါတယ်။

“သူက ငါတို့ကို ကိုယ်စားပြုမယ်လို့ ငါတို့ထင်တယ်၊ ဒါပေမယ့် သူက ကိုယ်စားမပြုခဲ့ဘူး၊ ငါတို့မျိုးဆက်က ရွေးကောက်ခံအရာရှိတွေကို သူတို့နေရာမှာ ရွေးကောက်ပေးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး” လို့ သူမက ဆိုပါတယ်။

ဆန္ဒပြသူ အများအပြားလိုပဲ အန်နာဆရီက သူတို့ဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ အပြင်ထွက်နေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘိုင်ဒင်ဟာ ဒယ်လာဝဲယား (Delaware)၊ ရီဟိုဘို့သ် (Rehoboth) ကမ်းခြေတို့မှာ သီတင်းပတ်ကုန်က ရှိနေခဲ့ပြီး ဆန္ဒပြပွဲများနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပါဘူး။

စနေနေ့က စိန့်အက်ဒ်မွန် ရိုမန်ကက်သလစ်ဘုရားကျောင်းမှ ထွက်ခွာလာစဉ် သတင်းထောက်များနှင့် အကျဉ်းချုံးဖလှယ်မှုတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စစ်ပွဲခေတ္တရပ်ထားမှုကို သဘောတူရန် အစ္စရေးကို ဆွဲဆောင်ရန်အတွက် အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေမှာ ရှေ့တိုးလုပ်ဆောင်မှုအချို့ရှိကြောင်း ၎င်းက အကြံပြုပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ဆက်ဆံမှုကို ဆန့်ကျင်တဲ့ ဂျူးလူမျိုး အများအပြားအနက်မှ အသက် ၇၃ နှစ်ရှိ ဘယ်လတီမိုးမှာ နေထိုင်သူ စတီဗ် စတာဆပ် (Steve Strauss) က “သူတို့က ပါလက်စတိုင်းတွေကို တတ်နိုင်သမျှ သတ်ပစ်ဖို့ ကြိုးစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ “အဖိနှိပ်ခံ ပြည်သူတွေအတွက် ရပ်တည်ပြီး အသံထွက်ဖို့ ကျွန်တော် ဒီကို ရောက်လာတယ်” လို့ သူကဆိုပါတယ်။

ပြင်သစ်နိုင်ငံ

ပါရီမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဂါဇာမှာ ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြပြီး အချို့က “အစ္စရေး၊ လုပ်ကြံသတ်ဖြတ်ခြင်း” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ပါရီတွင် မိုးစိုစွတ်နေသော လမ်းများတစ်လျှောက် ချီတက်ဆန္ဒပြရာတွင် အသံချဲ့စက်တပ်ထရပ်ကား တစ်စီးပေါ်မှ “ဂါဇာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရပ်လိုက်ပါ” ဟု ရေးထားပါတယ်။

ပါလက်စတိုင်းအလံများ ကိုင်ဆောင်ထားသည့် ဆန္ဒပြသူများသည် “ပါလက်စတိုင်း အသက်ရှင်မယ်၊ ပါလက်စတိုင်း နိုင်လိမ့်မယ်” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ပြင်သစ်သမ္မတ အီမန်ညူရယ်မက်ခရွန် (Emmanuel Macron) ကို “မာခရွန်၊ ကြံရာပါ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ပါရီရဲ့ရဲချုပ်ဟာ ပါရီမြို့အရှေ့ပိုင်းရှိ ကြီးမားတဲ့ ပလာဇာကြီးနှစ်ခုဖြစ်တဲ့ République က Nation ကို ချီတက်ခွင့် ပြုထားပေမဲ့ ဂျူးဘာသာ ကိုးကွယ်ယုံကြည်မှုကို ဆန့်ကျင်တဲ့ ဘယ်အပြုအမူကိုမဆို ဒါမှဟုတ် အကြမ်းဖက်ဝါဒကို ကိုယ်ချင်းစာထောက်ခံတယ်လို့ ယူဆပါက သီးခံမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဥရောပရှိ နိုင်ငံအများအပြားဟာ အောက်တိုဘာ ၇ ရက်နေ့ကစပြီး ဂျူးဘာသာဝင်တွေကို တိုက်ခိုက်မှုတွေ တိုးလာကြောင်း အစီရင်ခံထားပါတယ်။

စနေနေ့က တိုက်ခိုက်မှုတစ်ခုမှာ ဓားနဲ့ တိုက်ခိုက်သူဟာ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ရှိ ဂျူးအမျိုးသမီးတစ်ဦးရဲ့ နေအိမ်တံခါးကို သွားခေါက်ရာ ဖွင့်ပေးလိုက်ရာ ဗိုက်ကို ဓားနဲ့ နှစ်ကြိမ် ထိုးခဲ့ကြောင်း အမျိုးသမီးရဲ့ရှေ့နေ စတက်ဖနီ ဒီရိုင်း(Stéphane Drai) က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ် မရှိကြောင်း ရှေ့နေက ပြောပါတယ်။

ဗြိတိန်နိုင်ငံ

လန်ဒန်မြို့ လူထုစုဝေးပွဲမှာ မြို့တော်ရဲများက အမုန်းပွားစေတဲ့ စာတန်းကို ကိုင်ဆောင်တဲ့အတွက် အကြမ်းဖက်ဝါဒ စွဲချက်တစ်ခုအပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ဆိုရှယ်မီဒီယာကိုလည်း စောင့်ကြည့်ပြီး ရာဇဝတ်မှုဆိုင်ရာ အပြုအမူကို သိရှိရန် မျက်နှာအသိအမှတ်ပြုစနစ်ကို အသုံးပြုမှာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြိုတင်သတိပေးထားပါတယ်။

လွန်ခဲ့တဲ့ ၃ ပတ်က ပါလက်စတိုင်း လိုလားတဲ့ချီတက်ပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးဟာ ပါလက်စတိုင်းရဲ့ အဝတ်အစားတွေပေါ်မှာ လေစီးဂလိုက်ဒါပုံတွေ ပြသတဲ့အတွက် အကြမ်းဖက်မှုကို အားပေးတဲ့ သဘောသက်ရောက်တဲ့အတွက် ယူကေရဲ့ အကြမ်းဖက်ဝါဒ အက်ဥပဒေနဲ့ သောကြာနေ့က တရားစွဲဆိုခံခဲ့ရပါတယ်။ ဟားမတ်စ်တို့က ပါရာဂလိုက်ဒါနဲ့ လေဟုန်စီးပြီး အစ္စရေးနယ်နမိတ်ထဲကို ဝင်ခဲ့ကြတဲ့ သာဓက ရှိခဲ့ပါတယ်။

ဂျာမနီနိုင်ငံ

ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများ ပြင်းထန်လာပြီးနောက် ဘာလင်မှာ ရဲအရာရှိ ၁၀၀၀ ခန့် ဖြန့်ကျက်ချထားခဲ့ပါတယ်။ ဂျာမန်သတင်းဌာန dpa က ဆန္ဒပြသူ ၆,၀၀၀ ခန့်ဟာ ဂျာမန်မြို့တော်ရဲ့ အလယ်ဗဟိုတွင် ချီတက်ခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ဂျူးမုန်းတီးမှု၊ အစ္စရေးဆန့်ကျင်ရေး၊ အကြမ်းဖက်မှု၊ အကြမ်းဖက်ခြင်းကို ဂုဏ်တင်တဲ့ ဘယ်လူမျိုးမဆို၊ ၊ အကြမ်းဖက်ခြင်းကို ဂုဏ်တင်တဲ့ ကိုးကွယ်ယုံကြည်မှုဖြစ်စေတဲ့ ရေးသားဖော်ပြချက်မျိုးကိုမဆို ရဲများက တားမြစ်ပိတ်ပင်ထားပါတယ်။ ထောင်ပေါင်းများစွာရှိတဲ့ ဆန္ဒပြသူတွေဟာ ဂျာမန်အနောက်ဘက် Duesseldorf မြို့ကို ချီတက်ခဲ့ကြပါတယ်။

ရိုမေးနီးယားနိုင်ငံ

ရိုမေးနီးယားနိုင်ငံရဲ့ မြို့တော်မှာ လူရာပေါင်းများစွာဟာ ဘူခါရက်စ်အလယ်ပိုင်းမှာ စုဝေးကြပြီး အများအပြားဟာ ပါလက်စတိုင်းအလံများကို ဝှေ့ယမ်းကာ “ဂါဇာမှကလေးများကို ကယ်တင်ပါ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

အီတလီနိုင်ငံ

မီလန်မှာ ထောင်နဲ့ချီတဲ့ လူထုစုဝေးပွဲတစ်ခုမှာ လက်ထောက်ဝန်ကြီးချုပ် မက်တီရို ဆာလ်ဗီနီ (Matteo Salvini) က ဂျူးဆန့်ကျင်ရေးကို သူက “ကင်ဆာရောဂါ၊ ပြင်းထန်တဲ့ပလိပ်ရောဂါ၊ စက်ဆုပ်ရွံရှာဖွယ်အရာ” ဆိုပြီး ဆန့်ကျင်ပြောဆိုခဲ့ပါတယ်။ မီလန်ရဲ့အခြားတစ်စိတ်တစ်ပိုင်းမှာတော့ ပါလက်စတိုင်း လိုလားတဲ့ လူထုစုဝေးပွဲမှာ လူပေါင်း ၄၀၀၀ ခန့် ချီတက်ခဲ့ကြပြီး ရောမမြို့မှာလည်း ထောင်ပေါင်းများစွာ ချီတက်ခဲ့ကြပါတယ်။ အောက်တိုဘာ ၁ ရက်ကတည်းက အီတလီနိုင်ငံကို ရောက်ရှိနေသည့် ဂါဇာတက္ကသိုလ်မှ အသက် ၂၂ နှစ်အရွယ် ဆေးကျောင်းသူ Yara Abushab လည်း ဆန္ဒပြသူများထဲမှာ ပါဝင်ပြီး “သူတို့က ငါ့တက္ကသိုလ်၊ ငါ့ဆေးရုံကို ဗုံးခွဲတယ်။ ကိုယ်ချစ်ရတဲ့သူတွေ အများကြီး ဆုံးရှုံးခဲ့ရပြီး အခုချိန်မှာတော့ မိသားစုဆီက နောက်ဆုံးကြားခဲ့ရတာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ပဲ” လို့ သူမက ဆိုပါတယ်။ “အခြေအနေက ဘာဖြစ်နေမှန်း မသိရပါဘူး။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 68 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်