၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့မှာ စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အခြား ဗျူဟာကုန်းတစ်ခုဖြစ်တဲ့ နှုးဘူးဗျူဟာကုန်းကိုလည်း ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ဒီဇင်ဘာလ (၆) ရက်နေ့မှာလည်း ဆက်လက်တိုက်ခိုက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီနေ့ မနက် (၈) နာရီ (၄၅) မိနစ်အချိန်ကစတင်ပြီး ဂျက်လေယာဉ်တွေ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ခုခံတိုက်ခိုက်လျက်ရှိပြီး ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။