စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ထဲမှာ ကျေးရွာ (၁၀) ရွာနီးပါး မီးရှို့ခံခဲ့ရပြီး ဒေသခံ ၁၃ ဦးသေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဆီက သိရပါတယ်။

မတ်လ ၁ ရက်နေ့ကတည်းက ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းတွေ စထိုးနေတာဖြစ်ပြီး ၅ ရက်အတွင်းအိမ်ခြေ ၇၀၀ ကျော် မီးရှို့ခံရတယ်လို့ ပြောပါတယ်။

မတ်လ ၁ ရက်က တည်တော ကျေးရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့သလို မီးလောင်ပြင်ကိုရှင်းလင်းရာမှာတော့ ရုပ်အလောင်း ၅ လောင်းတွေ့ရှိခဲ့တယ်လို့ ရှင်းလင်းရေး ပြုလုပ်သူတွေက ဆိုကြပါတယ်။

မတ်လ ၃ ရက် မနက် မှာလည်း ကျီးကန် တောင်ရွာနဲ့ မြောက်ရွာတွေကို မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၃၀၀ ကျော် ဆုံးရှုံးပြီး အရပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

REF: PDFChannel