နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ရွှေဘို စစ်ဆေးရေးဂိတ်မှာ စစ်တပ်ကပစ်လို့ လူနာတဦး ခေါင်းကို ကျည်မှန်သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြောင်းကြီးစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ကျည် ထိမှန်ပြီး အရပ်သားပြည်သူတဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


မြောင်းကြီးစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၄ ရက်က လူနှစ်ဦးစီးလာတဲ့ ဆိုင်ကယ်တစီးဟာ ရပ်မပေး လို့ဆိုပြီး လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ရာက အစစ်ဆေးခံဖို့ ရပ်ထားတဲ့ ကားခေါင်းခန်းထဲက ပြည်သူတဦးကို ထိမှန်ခဲ့တာဖြစ်ပါတယ်။


သေဆုံးသူဟာ ကောလင်းအနောက်ခြမ်း၊ ညောင်ပင်လှရွာက အသက် ၅၀ အရွယ် ဦးပေါ်ထွန်းဆိုသူဖြစ်ကာ မန္တလေးကနေ ဆေးခန်းပြပြီး ကောလင်းကိုပြန်လာချိန် စစ်ဆေးရေးဂိတ် ရောက်တဲ့အခါ ကားခေါင်းခန်းထဲ ထိုင်နေချိန် အခုလို ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။


စစ်ကောင်စီကအလောင်းကို ရွှေဘိုမြို့ ရင်ခွဲရုံကို ယူသွားတဲ့အတွက် နောက်တနေ့ စက်တင်ဘာလ ၅ ရက်မှ မိသားစုက ပြန်ထုတ်ယူခဲ့ပြီး စက်တင်ဘာ ၆ ရက် မနေ့က မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရထားသံလမ်းဖြတ်ကူးသည့် ဆင် ၇ ကောင်အား အမြန်ရထားတိုက်မိ၍ သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 28 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ဂူဝါဟာတီ၊ အိန္ဒိယနိုင်ငံ (AP) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင်
မြန်မာသတင်း

ရန်ကုန် လှည်းကူးမှာ လုငယ်တွေကို ပေါ်တာဆွဲဖို့လူစုနေတဲ့ စစ်တပ်လက်ပါးစေတွေ ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 41 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီကနေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က လှည်းကူးမြို့ ကျောက်အိုင်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဧရာဝတီတံတား(ရတနာသိင်္ခ)ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 34 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ဧရာဝတီတံတား(ရတနာသိင်္ခ)နဲ့ အနီးတဝိုက်ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧရာဝတီတံတား(ရတနာသိင်္ခ)ဟာ မန္တလေးတိုင်း စဉ့်ကူးမြို့နဲ့ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့တို့ကို ဆက်သွယ်ထားတာဖြစ်ပြီး တော်လှန်ရေးတပ်တွေက စဉ့်ကူးမြို့ ဘက်အခြမ်းကို ထိန်းချုပ်နိုင်ခဲ့တာပါ။
မြန်မာသတင်း

ကောလင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်ရှောင်ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 26 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ‌ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ကောလင်းမြို့အနောက်ခြမ်းရှိ နတ်အင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။ “ စကစက တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကောလင်းအနောက်ခြမ်း နတ်အင်းရွာစာသင်ကျောင်းကို လေကြောင်းဗုံးကြဲသွားတာ။
မြန်မာသတင်း

မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG ကြေညာ၊ ဖမ်းဆီးရမိဖို့ ကြိုးပမ်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၃)ရက်။ မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က သတ်မှတ်ကြေညာထားတယ်လို့ ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ရဲ့ အကြမ်းဖက်သမားတွေအနေနဲ့ ကြေညာခံရသူတွေဟာ မင်းအောင်လှိုင်၊ စိုးဝင်း၊ ညိုစော၊ အောင်လင်းဒွေး၊
မြန်မာသတင်း

ရန်ကုန်ရှိ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၂)ရက်။ မနေ့က ည (၇)နာရီကျော်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ည (၇)နာရီကျော်လောက်ကဖြစ်တာ။ တိုက်အောက်က ကားမှန်တွေ ကွဲသွားတယ်။ ‌ပါတီဆိုင်းဘုတ်လဲ
မြန်မာသတင်း

ယင်းမာပင်နယ်မှာ ကျေးရွာထဲ တပ်စွဲနေထိုင်တဲ့ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 40 Views
တိုက်ပွဲထဲ စစ်တပ်က သူ့ဘက်သူ Gyrocopter နဲ့ ဗုံးသီးတွေမှားချတာကြောင့် အများအပြား သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၂၂)ရက်။ ဒီဇင်ဘာလ (၁၇)ရက်နေ့က ယင်းမာပင်နယ်ရှိ ကျေးရွာတွေမှာ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတယ်လို့ မြို့နယ်ပကဖလက်ရုံးတပ်(ULF)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေကို အမျိုးသားသစ္စာဖောက်အနေနဲ့ ကရင်နီပြည်လူငယ်အင်အားစု သတ်မှတ်ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၂)ရက်။ ကရင်နီပြည်နယ်ထဲ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အနေနဲ့ သတ်မှတ်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပြည်လူငယ်ထုကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ကရင်နီပြည် မြေပြင်တနေရာမှာ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကျင်းပကာ သဘောထားထုတ်ပြန်ခဲ့တာပါ။