၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ ခေတ်မျက်လုံး။
ဒီကနေ့ အမျိုးသားနေ့ ရန်ကုန်မြို့၊ ဗိုလ်တထောင်စေတီအနီးက ဂုံးကျော်တံတားမှာ “Yangon Sold out. soon! ငါတို့အလှည့်ရောက်ပြီ” စာတန်းကို မြို့ပြတော်လှန်ရေးအဖွဲ့တွေက ချိတ်ဆွဲခဲ့တယ်လို့ သိရပါတယ်။
“Yangon Sold out. soon! ငါတို့အလှည့်ရောက်ပြီ”စာတန်း ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို CDM Rangers နဲ့ THE BRAVE STUDENTS အဖွဲ့တို့ဦးဆောင်ကာ Yangon Drone နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ခွေး ရဲခွေးတွေ ဒီနေ့လုံခြုံရေးတင်းကြပ်တယ်၊ နာရီဝက်တခါကိုလှည့်နေကြတယ်၊ ဒီလိုလုံခြုံရေးတင်းကြပ်ထားလဲ အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်ချက်တွေက တဆက်တည်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်”လို့ တော်လှန်ရေးရဲဘော်တွေက ပြောဆိုထားပါတယ်။
စစ်တပ်ဟာ ရန်ကုန်မြို့ကြီးမှာတောင် ပြိုပျက်ကြောက်ရွံ့နေကြပြီဖြစ်ကာ ရဲဘော်တွေဟာ ကြောက်ရွံ့မှုကို ဖယ်ရှားပြီး အသက်ပေးလုပ်ဆောင်နေကြတာဖြစ်လို့ ပြည်သူတွေ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ပေးဖို့ ပါ၀င်လှုပ်ရှားကြတဲ့ လူငယ်တွေက တိုက်တွန်းပြောဆိုထားတယ်လို့ သိရပါတယ်။










