နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ကောင်စီယာဉ် (၂၀) စီးပါ ယာဉ်တန်းကို KIA မိုင်းဆွဲ တိုက်ခိုက်၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြား

Photo – KIA ရှေ့တန်းစစ်မြေပြင်တနေရာက ကေအိုင်အေ ရဲဘော်များ။

ကချင်လွတ်လပ်ရေး တပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယနေ့ ဇန်နဝါရီ (၇) ရက်မှာ တိုက်ပွဲသတင်းတရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ ကချင်ပြည်နယ် ဆွမ်ပရာဘွမ် မြို့နယ်မှာ မနေ့က ဇန်နဝါရီ (၆) ရက်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပါတယ်။

အဆိုပါ နှစ်ဘက် တိုက်ပွဲဟာ အချိန်တနာရီကျော်ကြာမြင့်ခဲ့ပြီး KIA အမှတ်(၁) တပ်မဟာ၊ အမှတ်(၁၀) တပ်ရင်းနယ်မြေ ဆွမ်ပရာဘွမ် နဲ့ မလိယန်အကြား မှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့ကြောင်း KIA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီ (၆) ရက် နေ့လည်ပိုင်းမှာပဲ မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ချီဖွေဘက်ကို လှုပ်ရှား ထွက်ခွာလာတယ်လို့ ယူဆရတဲ့ စစ်ယာဉ် (၂၀)စီးပါ ယာဉ်တန်းကို KIAအမှတ်(၅)တပ်မဟာ၊ အမှတ်(၃) တပ်ရင်းနယ်မြေအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အင်အား စစ်အသုံးအဆောင်များ စားနပ်ရိက္ခာများ တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းက ကား ၂ စီး ထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က အများအပြား သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း KIA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ဖော်ပြလာတာဖြစ်ပါတယ်။

Era’sEyes |

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မူးမြို့မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ (၃)ဦး KNLA ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 18 Views
ဇန်နဝါရီလ (၅)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က မူးမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား (၃)ဦး လက်နက်ချ အလင်းဝင်လာတယ်လို့
မြန်မာသတင်း

NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 21 Views
ဇန်နဝါရီလ (၅)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

ဆားလင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်တပ် လေကြောင်းဗုံးကြဲ၊ CDM ဆရာဝန်တဦးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 22 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ဆားလင်းကြီးမြို့အနောက်ခြမ်းရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က ဂိုင်ရိုကော်ပတာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ နမခဘက်ကတက်လာတဲ့ ဂိုင်ရိုကော်ပတာ (၃)စီးနဲ့ ဆားလင်းကြီးအနောက်ခြမ်း မတောင့်တတိုက်နယ်ဆေးရုံကို ဗုံး(၃)ကြိမ်ကြဲသွားတာ။
မြန်မာသတင်း

ဟားခါးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၄)ဦး ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 16 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က ဟားခါးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က ည (၁၂)နာရီကျော်လောက် Halta ရွာနဲ့ Haiphai ရွာကို
မြန်မာသတင်း

မကွေးထောင်မှာ နိုင်/ကျဉ်း (၃၅)ဦး တလနီးပါးကြာ တိုက်ပိတ်ခံထားရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 9 Views
ဇန်နဝါရီလ (၅)ရက်။ မကွေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၃၅)ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး တလနီးပါးကြာ တိုက်ပိတ်ထားတယ်လို PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စဖြစ်တာက အမျိုးသားအဆောင်(၄)မှာ နိုင်/ကျဉ်းတွေကို ထောင်တခုလုံးက စားပြီးသားပန်းကန်တွေ
မြန်မာသတင်း

“၂၀၂၆ စစ်ရေးအလှည့်အပြောင်း”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 24 Views
“နျုကြည်ကလည်းတိုက်-KIA ကလည်းတိုက်” ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၂၈) မှာ ၂၀၂၆နှစ်သစ်မှာ စစ်ရေးအလှည့်အပြောင်းတွေဘာတွေဖြစ်လာနေသလဲ ဘယ်လို သုံးသပ်မိသလဲ ဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြ သွားကြမှာ ဖြစ်ပါတယ်၊ ဒီ နေ့ ဇန်နဝါရီလ
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်တပ်ယာဉ် မိုင်းဆွဲခံရပြီး (၂)ဦး‌သေသေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 42 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က ပေါင်းခေါင်း‌မြို့မှာ စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစယာဉ်က ပေါင်းတည်မြို့ကနေ ပေါက်ခေါင်းမြို့ကို ကင်းပတ်ထွက်လာတဲ့အချိန် ကန်စုရွာ အနောက်ဘက်ကျောင်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ”
မြန်မာသတင်း

ကြိုတင်မဲကိစ္စ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့အပေါ် စစ်ကော်မရှင်ပြန်ရှင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 35 Views
ဇန်နဝါရီလ (၃)ရက်။ ကြိုတင်မဲနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောဆိုနေကြတဲ့အပေါ် စစ်တပ်လက်အောက်ခံ ရွေး/ကော်က ဒီကနေ့မှာ ပြန်လည်ရှင်းလင်းချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကြိုတင်မဲပေးတာကို သက်ဆိုင်ရာရွေး/ကော်အဖွဲ့ခွဲတွေက နိုင်ငံရေးပါတီတွေကို အသိပေးခဲ့ပြီး မဲပေးခဲ့သလို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံမဖွင့်ခင် မဲရုံမှူးတွေဆီ အပ်နှံခဲ့တယ်လို့