နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆားလင်းကြီးရှိ‌ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့ ၊ နေအိမ် ၁၆၇ လုံးပြာကျ၊ ဘုန်းကြီးကျောင်းကိုပါမချန် စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်ရှိ ကျေးရွာ (၃) ရွာကို စစ်ကောင်စီက ဇန်နဝါရီ(၆) ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ထိုသို့ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံများနေအိမ် (၁၆၇) လုံး ပြာကျခဲ့ပျက်စီးခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

Photo – CJ – မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာများမြင်ကွင်း။

ဇန်နဝါရီလ (၆) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ဆားလင်းကြီးမြို့နယ်ရှိ ဖောင်းကတာကျေးရွာ၊ ဘင်္ကားကျေးရွာနှင့် ကျောက်ဖြူတိုင်ကျေးရွာတို့ကို ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် (၁၆၇) လုံး မီးလောင်ပြာကျကာ ဖောင်းကတာရွာမှ ဘုန်းကြီးကျောင်းကိုပါ စစ်သားများက မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

Photo – CJ – မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာများမြင်ကွင်း။
Photo – CJ – မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာများမြင်ကွင်း။

အကြမ်းဖက် စစ်တပ်သည် ဖောင်းကတာကျေးရွာမှ နေအိမ် (၆၅) လုံးကျော်၊ ဘင်္ကားကျေးရွာမှ နေအိမ် (၂) လုံးနှင့် ကျောက်ဖြူတိုင်ကျေးရွာမှ နေအိမ်​ (၁၀၀) ကျော်တို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ရွာများကို စစ်တပ်က မီးရှို့မှုကြောင့် ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲပြန်ဝင်ရန်လည်း စိုးရွံ့နေကြကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောကြားကြသည်။

MoeZ/Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မတ္တရာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 7 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က မတ္တရာမြို့နယ်ရှိ ဆောက်ခြုံပေါက်ရွာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့
မြန်မာသတင်း

မင်းတုန်းမြို့နယ်ထဲ ဘယ်လက်နက်ကိုင်အဖွဲ့မဆို စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေဆီ ခွင့်ပြုချက်ယူရမယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 10 Views
နိုဝင်ဘာလ (၂၁)ရက်။ မင်းတုန်းမြို့နယ်ထဲ ဘယ်အဖွဲ့မဆို လက်နက်တွေနဲ့ သွားလာတာ၊ စစ်ရေးလှုပ်ရှားတာနဲ့ စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေက သဘောတူခွင့်ပြုမှသာ ပြုလုပ်ဖို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

မြင်းခြံမြို့ (၇)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီရဲ့ (၂)ပွင့်ဗိုလ်အပါအဝင် (၃၆)ဦး သေ‌ဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 3 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ မြင်းခြံမြို့တောင်ဘက် (၅)မိုင်ခန့်အကွာက Myingyan Black Tiger ရဲ့ စစ်ကြောင်း(၃) စစ်ရေးလှုပ်ရှားနယ်မြေထဲကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးတပ်တွေဘက်က ခုခံစစ်အနေနဲ့ တိုက်ခိုက်ခဲ့ရာ
မြန်မာသတင်း

မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် ညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 6 Views
နိုဝင်ဘာလ (၂၁)ရက်။ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့ကပြုလုပ်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ မူလခန့်မှန်းခြေနဲ့ ပြုပြင်ပြီးခန့်မှန်းခြေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မူလက
မြန်မာသတင်း

အာရက္ခရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား (၂၀)ဦးကို AA က ပြန်လွှဲပြောင်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 3 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၇)ရက်နေ့က ‌အာရက္ခရေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က ငါးခိုးဖမ်းနေတဲ့
မြန်မာသတင်း

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 13 Views
နိုဝင်ဘာလ (၂၀)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာအကဲခတ်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့သလို တရုတ်ဝန်ကြီးချုပ်အပါအဝင် (၄)နိုင်ငံက ဝန်ကြီးချုပ်တွေနဲ့ သီးခြားတွေ့ဆုံချိန်
မြန်မာသတင်း

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက‌နေ စုံစမ်းတွေ့ရှိတဲ့ မဲစာရင်းတွေကို လေ့လာနိုင်ဖို့ဆိုပြီး စစ်ကောင်စီပြင်ဆင်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 9 Views
နိုဝင်ဘာလ (၂၀)ရက်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက မဲစာရင်းတွေကို ‌လေ့လာနိုင်ဖို့ဆိုပြီး  Website နဲ့ Mobile Application တို့ကို စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းတွေနဲ့ပတ်သက်ပြီး
မြန်မာသတင်း

တန့်ယန်းမှာ ကျားဖျန့်လုပ်ကိုင်သူ (၁၀၀၀)ကျော်ကို “ ဝ” တပ်ဖမ်းဆီး၊ တရုတ်နိုင်ငံသား (၇၀၀)ကျော်ကို တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 8 Views
နိုဝင်ဘာလ (၂၀)ရက်။ “ ဝ” တပ် UWSA ဝင်ရောက်ခဲ့တဲ့ တန့်ယန်းမြို့ထဲ ကျားဖျန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် (၁၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ WSTV ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UWSA တပ်စွဲကင်းလှည့်နေတဲ့ တန့်ယန်းမြို့အနီးတဝိုက်မှာ