ဖေဖော်ဝါရီ (၆) ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ ခရီလာတ်ကျေးရွာမှာ အဝိစီတွင်းထဲကို ပြုတ်ကျသွားတဲ့ အသက် (၁) နှစ် (၇) လ အရွယ် မြန်မာမိန်းကလေးငယ်ကို ၁၇ နာရီအကြာမှာ အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံ မီဒီယာများက ဖော်ပြကြပါတယ်။
ထိုင်းလူမှုရေးအသင်းများနှင့် သက်ဆိုင်ရာအာဏာပိုင်တွေက မြေတူးစက်များ အသုံးပြုပြီး ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ (၇) ရက် မနက် ၉ နာရီကျော်၊ တွင်းအနက် (၁၅) မီတာလောက်မှာ ကလေးငယ်ကို တွေ့ရှိခဲ့ပြီး မနက် ၉ နာရီ ၅၅ မိနစ်မှာ ကလေးငယ်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။