နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်ကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထောင်နဲ့ချီ တိမ်းရှောင်နေရ

KNU -ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒိုမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာတွေကို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ တာကြောင့် ဒေသခံပြည်သူ လူထုတွေ ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၂၆၄ က စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ခင်ကန့်လန့်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာနှင့် အင်းပရိကျေးရွာများတွင် တပ်စွဲထားကာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။

စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ‌ နေအိမ် (၃)လုံး မီးလောင်ပြာကျခဲ့ရတာဖြစ်ပြီး အခြား နေအိမ် (၂)လုံးပါထိခိုက် ပျက်စီးခဲ့ တယ်လို့ KNU က မတ်လ ၇ရက် မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Photo – KNU

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

India မြန်မာသတင်း

အိန္ဒိယမှာ အထောက်အထားမရှိဘဲ ခရီးမသွားဖို့နဲ့ UN-Card အမြဲဆောင်ဖို့ သတိပေးတာတွေရှိ

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 9 Views
မေလ (၂၉)ရက်။ အိန္ဒိယမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ India for Myanmar
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 13 Views
မေလ (၂၉)ရက်။ မနေ့က ညနေ (၆)နာရီအချိန် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မိုးကုတ်မှာ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 4 Views
မေလ (၂၉)ရက်။ မေလ (၂၄)ရက်နေ့ ည (၁၀)နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)စခန်းဟောင်းအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အရင် စစ်ကောင်စီရဲ့
မြန်မာသတင်း

တော်လှန်ရေးကာလထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 5 Views
မေလ (၂၉)ရက်။ နွေဦးတော်လှန်ရေး (၄)နှစ်တာထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့တယ်လို့ NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၀၂၄ တနှစ်ထဲမှာ တိုက်ပွဲထဲကျဆုံး ပကဖ (၂၀၀)ကျော်ရှိသလို၊ ၄
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အပေါ် အာဆီယံဦးဆောင်ပြီး စောင့်ကြည့်ထိန်းသိမ်းတဲ့ယန္တရားထားဖို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 13 Views
မေလ (၂၉)ရက်။ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေအပေါ် အာဆီယံဦးဆောင်ကာ နိုင်ငံတကာကပါဝင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေးယန္တရားမရှိရင် ပြည်သူတွေကို ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ အပစ်ရပ်ကြေညာထားတဲ့ ကာလမှာပဲ ပြည်သူတွေကို လေကြောင်းဗုံးကျဲတိုက်ခိုက်တာ၊
မြန်မာသတင်း

အခုလဆန်းပိုင်းကစပြီး ပြည်တွင်းမှာ ကိုဗစ်လူနာတွေ ပြန်လည်တွေ့ရှိလာ

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 13 Views
မေလ (၂၈)ရက်။ မေလဆန်းပိုင်းကစပြီး ပြည်တွင်းမှာ ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိလာခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်တွင်းမှာ ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားတာ အနည်းငယ် မြင့်တက်လာခဲ့ပေမယ့် အခုဖြစ်ပွားနေတဲ့ ကိုဗစ်(၁၉) အိုမီခရွန် ဗီဇပြောင်းမျိုးကွဲတွေဟာ
မြန်မာသတင်း

မြင်းခြံမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 16 Views
မြင်းခြံမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့ မေလ (၂၈)ရက်။ မေလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြင်းခြံမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ (၄)ခုကို တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

သေဘောဘိုးစခန်းကို စစ်ကူလာတဲ့ အင်အား(၁၀၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းတခုလုံး ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 20 Views
မေလ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ သေဘောဘိုးစခန်းကို စစ်ကူဖို့လာတဲ့ အင်အား (၁၀၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “ ဝေါလေဗျူဟာအခြေစိုက် စကစစခန်းကနေ အင်အား (၁၀၀)ကျော်ရှိတဲ့ စစ်ကြောင်းနဲ့ မဲကလာချောင်းအနီးမှာ