ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ဧပြီ (၆) ရက် ညပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးပေါက်ကွဲသံများကျယ်လောင်စွာကြားရကြောင်း ဒေသခံများဆီက သိရပါတယ်။
ရှော့တိုက်ဒုံး ပစ်ခတ်မှု ကြောင့် လေယာဥ်ပြေးလမ်းမပေါ်ကျရောက်ခဲ့ပြီးပေါက်ကွဲမှုများ ကြောင့် မီးသတ်ကားများ လာရောက် ငြိမ်းသတ်ခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
(မဂ်လာဒုံလေတပ်တွင်ပေါက်ကွဲပြီးနောက် မီးလောင်နေသည်ကို အဝေးမှတွေ့ရစဥ်။ဓါတ်ပုံ-CJ)
သေနတ်သံများဆက်တိုက်ကြားရပြီး လေတပ်ဝန်းနှင့်ကပ်လျက် Terminal ဆီဆိုင် ယခင်နေရာဟောင်းအနီးတွင် မီးစွဲလောင်ခဲ့ကြောင်းလည်း ဒေသခံပြည်သူများက ပြောသည်။