ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ပြည်သူများကို ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA)၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BFG)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့ (ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ပေါင်းထားသည့်) စည်းလုံးညီညွတ်ရေးကော်မတီက ဇွန်(၈) ရက်မှာ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ ကြပါတယ်။
စားနပ်ရိက္ခာထောက်ပံ့မှုအနေဖြင့် သေ့ဘောဘိုးကျေးရွာရှိ အိမ်ထောင်စု ၃၂၇ စု လူဦးရေ ၁၀၄၇ ဦး၊ ဘလယ်ဒိုကျေးရွာရှိ အိမ်ထောင်စု ၁၀၇ စု၊ လူဦးရေ ၅၄၅ ဦး၊ တောင်နီကျေးရွာရှိ အိမ်ထောင်စု ၁၁၃ စု၊ လူဦးရေ ၆၀၂ ဦး၊ လူကို့ထကျေးရွာရှိ အိမ်ထောင်စု ၁၂၆ စု၊ လူဦးရေ ၃၈၂ ဦး စုစုပေါင်း အိမ်ထောင်စု ၆၇၃ စုမှ လူဦးရေ ၂၅၇၆ တို့အား ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Era’sEye/ဓာတ်ပုံ- ကရင်လက်နက်ကိုင် ၄ ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီ