၂၀၂၃ ခုနှစ် ၊ ဩဂုတ်(၈)ရက် ၊ ခေတ်မျက်လုံး။
ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင် ၁၃၀၀ ကျော်အတွက် မိုးကာနဲ့ ခြင်ထောင်တွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ News Light In Karenni အဖွဲ့ထံက သိရပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ရွာဒေသခံတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်မှာ တောတောင်ထဲကို ထွက်ပြေးပုန်းရှောင်နေကြရတာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ နေရပ်ကိုမပြန်ရဲကြသေးတာကြောင့် တောတောင်ထဲမှာ ဆက်လက်နေထိုင်ကြဆဲဖြစ်တဲ့ စစ်ရှောင်တွေဟာ အခုလိုမိုးတွင်းကာလရောက်လာတဲ့အတွက် မိုးကာနဲ့ခြင်ထောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါ စစ်ရှောင်အုပ်စုအတွင်းမှာ ရိက္ခာမလုံလောက်တာတွေရှိနေတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေဟာ အာဟာရချို့တဲ့မှု ဆိုင်ရာရောဂါတွေလည်း ခံစားလာနိုင်တယ်လို့ဆိုပါတယ်။
#Era’sEye \News