အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ယူကေ နိုင်ငံခြားရေးဝန် ကြီး (Secretary of State for Foreign, Commonwealth and Development Affairs) James Cleverly တို့ ဖေဖော် ဝါရီလ (၆) ရက် ယူကေစံတော်ချိန် ညနေ (၃:၃၀) အချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာပြည် အရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ရပ် တန့်နိုင်ရန် ၊ လူနည်းစု လူမျိုးများ အရေး နဲ့ အခြားအကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် တွေ့ဆုံချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုရေး နဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဟာ ၎င်း၏ ယူကေခရီးစဥ်အတွင်း အခြားသော သက်ဆိုင်ရာတာဝန်ရှိသူများနဲ့လည်း ဆက်လက်တွေ့ဆုံ၍ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
Photo – NUG