နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက ပြုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူနည်းပါး

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ်ပြုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ဒီနေ့ မတ်(၈) ရက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စတင်စစ်မေးနေပြီဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ဒေသခံ တွေ ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရချိန်မှာ ကျင်းပတဲ့ အခုစာမေးပွဲမှာ ကျောင်းသားအများစုက ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိပါဘူး။

စစ်ကောင်စီက ဒုတိယအကြိမ်ကျင်းပတဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် မှာတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထား တဲ့သူ ၁၇၉,၇၄၂ ဦးသာ ရှိပါတယ်။

ကျောင်းသူ ‌ကျောင်းသားအချို့ကလည်း စစ်ကောင်စီက ပြုလုပ်တဲ့စာမေးပွဲကို CDM လုပ်တဲ့အနေနဲ့ ဝင်ရောက်မဖြေဆိုကြပါဘူး။

အခု မြင်ကွင်းတွေကတော့ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် အထက (၆) မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာနေ့ကို ဖြေဆိုပြီး ပြန်ထွက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေပဲ ဖြစ်ပါတယ်။

အခုလိုမျိုး ရန်ကုန်၊ မန္တလေး ၊ ရခိုင် ပြည်နယ် အစရှိတဲ့နေရာတွေမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပနေပေမယ့် လည်း စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး စစ်တပ်ကို တော်လှန် ခုခံအားကောင်းတဲ့ နေရာ‌တွေမှာတော့ စာမေးပွဲကို ကျင်းပနိုင်ခြင်းမရှိပါဘူး။

အလားတူပဲ အမျိူးသားညီညွတ်ရေးအစိုးရက ပြုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကလည်းရှိနေပါတယ်။ အဲဒီစာမေးပွဲကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေနဲ့ ဒေသခံအချို့က ‌ဝင်ရောက်ဖြေဆိုကြမှာ ဖြစ်ပြီး သူတို့ကိုသင်ကြားပြသပေးကြသူတွေကတော့ CDM ပြုလုပ်ခဲ့တဲ့ ဆရာ – ဆရာမ တွေက သင်ကြားပေးခဲ့တာလည်းဖြစ်ပါတယ်၊

Era’sEyes | (Photo: RFA)


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 12 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 44 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်က မြိုင်နယ်ထဲရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက
မြန်မာသတင်း

မဲဆွယ်ရာမှာ “ တော်လှန်ရေး” စကားလုံး သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အလုပ်နဲ့ ထောင်(၁)နှစ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 37 Views
ဇန်နဝါရီလ (၈)ရက်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဒီကနေ့မှာ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ “ ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် (၁)နှစ်ဆိုပြီး
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 31 Views
ဇန်နဝါရီလ (၈)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ရဲ့ ရွေး/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ကို
မြန်မာသတင်း

PNLA လှုပ်ရှားတဲ့ တောထဲ စစ်တပ်က ထိုးစစ်ဆင်တာကြောင့် နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 31 Views
ဇန်နဝါရီလ (၈)ရက်။ အခုလထဲ PNLA လှုပ်ရှားတဲ့ တောထဲအထိ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလထဲ စကမနဲ့ PNO
မြန်မာသတင်း

ဂန့်ဂေါနယ် မြင်းဇာရွာဘုန်းကြကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 21 Views
ဇန်နဝါရီလ (၈)ရက်။ မနေ့က ညနေ (၆)နာရီခွဲကျော်အချိန်က ဂန့်ဂေါနယ် မြင်းဇာရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညနေ (၆)နာရီ (၃၆)မိနစ်လောက် တံတားဦးလေတပ်ကနေ Yak-130 ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 50 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်တာက ဒီဇင်ဘာလ (၂၆)ရက်နေ့ကပါ။ သိမ်ဇရပ်မြို့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို
မြန်မာသတင်း

ကော်သူးလေသမ္မတနိုင်ငံတော် တည်ထောင်တယ်လို့ KTLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 41 Views
ဇန်နဝါရီလ (၇)ရက်။ ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei)ကို တည်ထောင်လိုက်တယ်လို့ ကော်သူးလေအစိုးရ(G.O.K)က ဇန်နဝါရီလ (၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ ပြိုကွဲပျက်စီးနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့ နိုင်ငံတော်သစ်တရပ်အနေနဲ့ တည်ထောင်တာလို့