၂၀၂၃ ခုနှစ် ၊ ဩဂုတ်(၉)ရက် ၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ မနေ့က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက်(၂၄)နှစ်အရွယ်ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး – ULF က သတင်း ထုတ်ပြန်ပါတယ်။
ကျဆုံးရဲဘော် နေဆန်းအောင်ဟာ ယင်းမာပင်ခရိုင် အမှတ်(၂၁) တပ်ရင်း – ကျောက်လုံးကြီးတပ်မဟာ (KLG PDF) တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။
ယင်းမာပင်ခရိုင် အမှတ်(၂၁) တပ်ရင်း – ကျောက်လုံးကြီးတပ်မဟာ (KLG PDF) အပါအဝင် ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ စတဲ့ ယင်းမာပင်ခရိုင်အတွင်းက တော်လှန်ရေး တပ်ဖွဲ့ (၃၀)ဝန်းကျင် ပူးပေါင်းကာ ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး – ULF ကို ဖွဲ့စည်းထားပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
#Era’sEye \News