နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကျိုက်ထိုမြို့တွင် အငြိမ်းစား တပ်မတော်အရာရှိ မိသားစုဝင်သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် စက်တင်ဘာလ (၈) ရက်နေ့ ညနေ ၅ နာရီလောက်မှာ အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးနဲ့ သူ့မိသားစုဝင်နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။


သေနတ်နဲ့ပစ်ခတ်ခံရသူတွေက ဒုတိယဗိုလ်မှူးကြီး (အငြိမ်းစား) ဦးအောင်လွင်၊ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုးနဲ့ သားဖြစ်သူ မောင်အောင်ငြိမ်းမာန် (၁၀ နှစ်) တို့ဖြစ်ကြောင်း သိရပါတယ်။

သားဖြစ်သူကို ကျောင်းကြိုပြီး ပြန်လာစဉ် ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက်ရှိ သူတို့ရဲ့ နေအိမ်ရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးကသေနတ်ဖြင့် ပစ်ခတ်ခဲ့ခဲ့တာလို့ သိရပါတယ်။

ဦးအောင်လွင်ရဲ့ဇနီးဖြစ်သူကတော့ ဦးခေါင်းကို ကျည်ထိမှန်လို့ သေဆုံးသွားပြီး သားဖြစ်သူကတော့ မျက်လုံး ကျည်ဖေါက်ဝင်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။ဦးအောင်လွင်ကတော့ ဘယ်ဘက်လက် ကျည်ရှပ်ထိ ဒဏ်ရာပဲ ရခဲ့တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးနဲ့အတူပါလာတဲ့ဆိုးဝါးမှုတွေထဲမှာ စာသင်ကြားပေးနေတဲ့ဆရာတွေ စာသင်နေတဲ့ကလးတွေကို စစ်အုပ်စုဖက်နဲ့ ဒီမိုအင်အားစုတွေ နှစ်ဖက်လုံးက အုပ်စုခွဲ တိုက်ခိုက်နေတာပဲ ဖြစ်တယ်။ ဘယ်သူသင်သင် ကလေးတွေစာတတ်လာရင် တိုင်းပြည်မှာ ပညာတတ်တွေ ထွန်းကားလာဖို့ပဲဆိုတဲ့ စိတ်ထားမျိုးကို မထားနိုင်ကြဘူး။ ကိုယ်ဖက်က မဟုတ်ရင် တိုက်ရမယ်ဆိုတဲ့ အမြင်ကျဉ်းကျဉ်းလေးတွေနဲ့ လုပ်နေကြတာ စိတ်မကောင်းစရာပါလို့ နိုင်ငံရေးသုံးသပ်သူတဦးက ဆိုပါတယ်။

သူက ဆက်လက်ပြီး “ နောက်တခုက စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့အရာရှိအရာခံတွေကိုတိုက်ခိုက်တာကို မပြောလိုပေမဲ့ သူ့ဟာသူ အငြိမ်းစားယူသွားတဲ့ တပ်မတော်သားဟောင်းမိသားစုကို ကလေးပါမကျန် လိုက်သတ်တယ်ဆိုတာက အစွန်းရောက်သွားပြီလို့ ပြောချင်တယ်။ နေရာတိုင်းမှာ မုန်းတီးမှုတွေနဲ့ အစွန်းရောက်စိတ်တွေ မွေးလာကြရင် ပျက်သုန်းမှုကို ဦးတည်သွားဖို့ ကျိမ်းသေနေတယ်။ တော်လှန်ရေး လုပ်နေတဲ့သူတွေက ပိုပြီးသတိထားရမယ် တော်လှန်ရေးအောင်ချင်သလား စစ်အုပ်စုနဲ့ပြိုင်မိုက်ပြရင် ကိုယ်လဲစစ်အုပ်စုအကျင့်အကြံအတိုင်းဖြစ်လာမယ်။ အကြမ်းဖက်အဖွဲ့အစည်းစာရင်းဝင်သွားမှာပဲ။ လူလူချင်းစာနာထောက်ထားတဲ့ရှုထောင့်ကနေ ချည်းကပ်လုပ်ဆောင်သင့်တယ်လို့မြင်တယ်။” လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

Era’seye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 3 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 8 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 4 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 19 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 116 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းတွေ ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့လှုပ်ရှားမှု ပြုလုပ်မယ်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
ဧပြီလ (၁၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ‌ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့ လှုပ်ရှားမှု ပြုလုပ်မယ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုဟာ လာမယ့် နှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးအချိန်မှာ နှစ်သစ်ကူး‌ဆုတောင်းတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတလုပ်တဲ့ မင်းအောင်လှိုင်က ပြည်သူက ရွေးချယ်တင်မြှောက်တာဆိုပြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 27 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ၊ ဒုသမ္မတ(၁)နဲ့ ဒုသမ္မတ (၂)တို့ ကျမ်းကျိန်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီကျမ်းကျိန်ပွဲမှာ မင်းအောင်လှိုင်က သမ္မတအပြင် ညိုစောနဲ့ နန်းနီနီအေးတို့က ဒုသမ္မတအနေနဲ့ လွှတ်တော်နာယကရှေ့မှာ
မြန်မာသတင်း

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အတည်ပြုခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 25 Views
ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း ဧပြီလ (၁၀)ရက်။ တော်လှန်ရေးကာ ကော်သူးလေပဋိညာဉ်ကို ကျယ်ပြန့်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ တရားဝင် အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပဋိညာဉ်မူကြမ်းကို (၂)နှစ်ကျော်ကြာ အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့ပြီး