နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကျိုက်ထိုမြို့တွင် အငြိမ်းစား တပ်မတော်အရာရှိ မိသားစုဝင်သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် စက်တင်ဘာလ (၈) ရက်နေ့ ညနေ ၅ နာရီလောက်မှာ အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးနဲ့ သူ့မိသားစုဝင်နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။


သေနတ်နဲ့ပစ်ခတ်ခံရသူတွေက ဒုတိယဗိုလ်မှူးကြီး (အငြိမ်းစား) ဦးအောင်လွင်၊ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုးနဲ့ သားဖြစ်သူ မောင်အောင်ငြိမ်းမာန် (၁၀ နှစ်) တို့ဖြစ်ကြောင်း သိရပါတယ်။

သားဖြစ်သူကို ကျောင်းကြိုပြီး ပြန်လာစဉ် ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက်ရှိ သူတို့ရဲ့ နေအိမ်ရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးကသေနတ်ဖြင့် ပစ်ခတ်ခဲ့ခဲ့တာလို့ သိရပါတယ်။

ဦးအောင်လွင်ရဲ့ဇနီးဖြစ်သူကတော့ ဦးခေါင်းကို ကျည်ထိမှန်လို့ သေဆုံးသွားပြီး သားဖြစ်သူကတော့ မျက်လုံး ကျည်ဖေါက်ဝင်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။ဦးအောင်လွင်ကတော့ ဘယ်ဘက်လက် ကျည်ရှပ်ထိ ဒဏ်ရာပဲ ရခဲ့တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးနဲ့အတူပါလာတဲ့ဆိုးဝါးမှုတွေထဲမှာ စာသင်ကြားပေးနေတဲ့ဆရာတွေ စာသင်နေတဲ့ကလးတွေကို စစ်အုပ်စုဖက်နဲ့ ဒီမိုအင်အားစုတွေ နှစ်ဖက်လုံးက အုပ်စုခွဲ တိုက်ခိုက်နေတာပဲ ဖြစ်တယ်။ ဘယ်သူသင်သင် ကလေးတွေစာတတ်လာရင် တိုင်းပြည်မှာ ပညာတတ်တွေ ထွန်းကားလာဖို့ပဲဆိုတဲ့ စိတ်ထားမျိုးကို မထားနိုင်ကြဘူး။ ကိုယ်ဖက်က မဟုတ်ရင် တိုက်ရမယ်ဆိုတဲ့ အမြင်ကျဉ်းကျဉ်းလေးတွေနဲ့ လုပ်နေကြတာ စိတ်မကောင်းစရာပါလို့ နိုင်ငံရေးသုံးသပ်သူတဦးက ဆိုပါတယ်။

သူက ဆက်လက်ပြီး “နောက်တခုက စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့အရာရှိအရာခံတွေကိုတိုက်ခိုက်တာကို မပြောလိုပေမဲ့ သူ့ဟာသူ အငြိမ်းစားယူသွားတဲ့ တပ်မတော်သားဟောင်းမိသားစုကို ကလေးပါမကျန် လိုက်သတ်တယ်ဆိုတာက အစွန်းရောက်သွားပြီလို့ ပြောချင်တယ်။ နေရာတိုင်းမှာ မုန်းတီးမှုတွေနဲ့ အစွန်းရောက်စိတ်တွေ မွေးလာကြရင် ပျက်သုန်းမှုကို ဦးတည်သွားဖို့ ကျိမ်းသေနေတယ်။ တော်လှန်ရေး လုပ်နေတဲ့သူတွေက ပိုပြီးသတိထားရမယ် တော်လှန်ရေးအောင်ချင်သလား စစ်အုပ်စုနဲ့ပြိုင်မိုက်ပြရင် ကိုယ်လဲစစ်အုပ်စုအကျင့်အကြံအတိုင်းဖြစ်လာမယ်။ အကြမ်းဖက်အဖွဲ့အစည်းစာရင်းဝင်သွားမှာပဲ။ လူလူချင်းစာနာထောက်ထားတဲ့ရှုထောင့်ကနေ ချည်းကပ်လုပ်ဆောင်သင့်တယ်လို့မြင်တယ်။” လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

Era’seye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 87 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 66 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 57 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို