နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက်

ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။ လူများသည် ပလပ်စတစ် အိတ်များကို စုဆောင်းနေကြပြီး၊ စက်ရုံများသည်လည်း ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းပြတ်လပ်မှု များနှင့် ရင်ဆိုင်နေရသည်။

၎င်းတို့အားလုံးသည် ယခုလက်ရှိ အာရှတွင် ဖြစ်ပျက်နေခြင်းဖြစ်သည်။

၎င်းသည် အမေရိကန်ပြည်ထောင်စုအတွက် ပြဿနာတစ်ခု ဖြစ်လာနိုင်သည် – အကြောင်းမှာ အမေရိကန်များ ဝယ်ယူနေသည့် ပစ္စည်းများ၏ ထက်ဝက်ခန့်မှာ အာရှမှ လာသောကြောင့် ဖြစ်သည်။

အကယ်၍ အာရှစက်ရုံများသည် ကုန်ကြမ်းပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပါက၊ အမေရိကန်များသည်လည်း ပစ္စည်းပြတ်လပ်မှုများကို မျှော်လင့်ထားသင့်ပါသလား?

ဖြစ်နိုင်ခြေရှိပါသည် – သို့သော် ယခုချက်ချင်းတော့ မဟုတ်သေးပါ။ အနည်းဆုံးတော့ ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် ပြင်းထန်သော ပုံစံမျိုးဖြင့် မဟုတ်သေးပါ။ သို့သော် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပိတ်ထားသည့် ကာလ ကြာရှည်လေလေ၊ အခြားနေရာ များတွင် စုပုံနေသော ပြဿနာများကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ရှောင်လွှဲနိုင်ရန် ပို၍ ခက်ခဲလေလေ ဖြစ်ပါလိမ့်မည်။

အမေရိကန်သည် ‘ကျွန်ုပ်တို့ သတိထားမိသည်ထက် ပိုမို ထိခိုက်လွယ်နေသည်’

အမှန်တကယ်ပင် အန္တရာယ်ရှိသော လက္ခဏာများ ပြသနေပြီ ဖြစ်သည်။

အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲသည် ကမ္ဘာ့အလူမီနီယံ၊ ပလတ်စတစ်နှင့် ရော်ဘာ အထောက်အပံ့များကို အထူးခြိမ်းခြောက်လျက် ရှိသည်။ အရှေ့အလယ်ပိုင်းသည် ကမ္ဘာပေါ်တွင် အသုံးအများဆုံး ပလတ်စတစ် အမျိုးအစားနှစ်ခုဖြစ်သည့် ပိုလီပရိုပီလင်း (Polypropylene) ၏ ၂၅% နှင့် ပိုလီအီသလင်း (Polyethylene) ၏ ၂၀% ကို တင်ပို့နေခြင်း ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဆာလဖာ (Sulphur) ၏ လေးပုံတစ်ပုံနှင့် မြေသြဇာ ၁၅% တို့အတွက်လည်း ထိုဒေသကို အမှီပြုနေရသည်။

“ရေနံစိမ်းနဲ့ ဒီဇယ်၊ ဓာတ်ဆီတွေအပေါ် သက်ရောက်မှုတွေအကြောင်း အများကြီး ကြားရလိမ့်မယ် – ဒါပေမဲ့ ကုန်ထုတ်လုပ်ငန်းသုံး ကုန်ကြမ်းတွေနဲ့ ရေနံဓာတုပစ္စည်းတွေ ကလည်း ပြတ်လပ်နေပြီဖြစ်ပါတယ်” ဟု KPMG ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အကြီးအကဲ အန်ဂျီ ဂီလ်ဒီယား (Angie Gildea) က ပြောကြားခဲ့သည်။

တောင်ကိုရီးယားရှိ Yeochun နှင့် စင်ကာပူရှိ PCS အပါအဝင် အဓိက ရေနံဓာတု ထုတ်လုပ်သူ အများအပြားသည် “Force Majeure” (မလွှဲမရှောင်သာသော အခြေအနေကြောင့် ကတိကဝတ် အတိုင်း မဆောင်ရွက်နိုင်ခြင်း) ကို ကြေညာထားကြောင်း Capital Economics မှ မြောက်အမေရိက စီးပွားရေးပညာရှင်ချုပ် စတီဖင် ဘရောင်း (Stephen Brown) က မှတ်ချက် ပြုသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဝယ်ယူသူများအား ပေးထားသော ကတိကဝတ်များကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိတော့ခြင်း ဖြစ်သည်။

အခြားကုမ္ပဏီအချို့ကမူ ၎င်းတို့၏ ထုတ်ကုန်များအတွက် ပလတ်စတစ် ထုပ်ပိုးမှုပစ္စည်းများ ပြတ်လပ်နေကြောင်း ပြောကြသည်။ ကွန်ဒုံးထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုက ထုတ်လုပ်မှု ဆိုင်ရာ ကုန်ကြမ်းများကို မရရှိနိုင်တော့သဖြင့် ဈေးနှုန်းများ မြင့်တက်လာတော့မည် ဖြစ် ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အဓိက ကုမ္ပဏီများ၏ ကုန်စည်ပြတ်လပ်မှု အစီရင်ခံချက်များကို တိုင်းတာသည့် S&P 500 ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု ပြတ်လပ်မှု ညွှန်းကိန်းသည် မကြာသေးမီ သီတင်းပတ်များ အတွင်း သိသိသာသာ ထိုးတက်သွားခဲ့ပြီး၊ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရေရှည် ပျမ်းမျှနှုန်းထက် ကျော်လွန်သွားခဲ့သည်။

“ကျွန်ုပ်တို့ [အမေရိကန်] ဟာ ကိုယ်တိုင် သတိထားမိတာထက် ပိုပြီးတော့ ထိခိုက်လွယ်တဲ့ အနေအထားမှာ ရှိနေပါတယ်” ဟု Baird မှ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာပညာရှင် ရော့စ် မေဖီးလ် (Ross Mayfield) က ပြောသည်။

ထရန့် က လအတော်ကြာ ကြိုတင်ပြောဆိုလေ့ရှိသည့် အကောက်ခွန်တိုးမြှင့်မှုများနှင့် မတူဘဲ၊ ယခုစစ်ပွဲသည် ကုမ္ပဏီများစွာကို အငိုက်မိစေခဲ့ပြီး အထူးသဖြင့် အာရှကုန်စည်များ အပေါ် အလွန်အမင်း အမှီပြုနေရသော စီးပွားရေးလုပ်ငန်းများအတွက် ပြင်ဆင်ရန် အချိန် မရသလောက် ဖြစ်သွားခဲ့သည်။

“အကောက်ခွန်ဆိုတာက အစိုးရက သတ်မှတ်တာဖြစ်လို့ အစိုးရကပဲ ပြန်ရုပ်သိမ်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုပြဿနာမျိုးကနေ အမေရိကန်က သန့်သန့်ရှင်းရှင်း ပြန်ထွက်နိုင်ဖို့ကတော့ အများကြီး ပိုခက်ခဲပါတယ်” ဟု မေဖီးလ်က မှတ်ချက်ပြုသည်။

အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ အကြိမ်ကြိမ် ပျက်ပြားနေခြင်းက ရေလက်ကြား ပြန်ပွင့်မည့် လက္ခဏာ မရှိကြောင်း ပြသနေသည်။ ဧပြီလကုန်တွင် ရေလက်ကြား ပိတ်ဆို့မှုကြောင့် ရေနံထောက်ပံ့မှု ဆုံးရှုံးမှုသည် စုစုပေါင်း စည်ပေါင်း သန်း ၇၀၀ အထိ ရှိလာနိုင်ကြောင်း Kpler က ခန့်မှန်းထားသည်။

ထိုသို့ ရေနံပြတ်လပ်မှုများသည် နောက်ပိုင်းတွင် အမေရိကန်၏ ကုန်စည်ပြတ်လပ်မှုများဆီသို့ ဦးတည်သွားနိုင်ကြောင်း ဂီလ်ဒီယားက ပြောသည်။

ဥပမာအားဖြင့်၊ အာရှတွင် လောင်စာဆီပြတ်လပ်မှုကြောင့် စက်ရုံဝန်ထမ်းများ အလုပ်သို့ မလာနိုင်ခြင်းမျိုး ဖြစ်ပေါ်စေနိုင်ပြီး၊ ၎င်းသည် ပို့ကုန်ထုတ်လုပ်မှုကို နှေးကွေးသွား စေနိုင်သည် ဟု ဂီလ်ဒီယားက ဆိုသည်။

ထောက်ပံ့မှု ပြတ်လပ်မှုများသည် ကပ်ရောဂါကာလကဲ့သို့ အဆင့်အထိတော့ ရောက်ရှိ သွားဖွယ် မရှိကြောင်း ဘရောင်းက ပြောသည်။ သို့သော် အချိန်သည် ကျွန်ုပ်တို့ဘက်တွင် မရှိပါ။ အကယ်၍ ရေလက်ကြားသည် နွေရာသီအထိ ဆက်လက် ပိတ်ထားဦးမည်ဆိုပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားများစွာတွင် ကျယ်ကျယ်ပြန့်ပြန့် ပြတ်လပ်မှုများ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

“အခုချိန်မှာတော့ ဒီအခြေအနေ ဘယ်လောက်ကြာမလဲဆိုတာကပဲ အရာရာကို ဆုံးဖြတ် သွားမှာပါ” ဟု မေဖီးလ်က ဆိုသည်။

အဘယ်ကြောင့် ယခုထက်ထိ မဖြစ်သေးသနည်း

အမေရိကန် စီးပွားရေးသည် အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ဖိအားပေးမှုကို ခံနေရသည် – အဓိကအားဖြင့် ရေနံနှင့် ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုမှတစ်ဆင့် ဖြစ်သည်။ သို့သော် အမေရိကန် စွမ်းအင်သွင်းကုန်များ၏ အနည်းငယ်မျှသော ပမာဏ (၇% ခန့်) သာ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းကြောင်း အမေရိကန် စွမ်းအင်ပြန်ကြားရေးဌာန (EIA) အရ သိရသည်။ အမေရိကန်သည် ၎င်း၏ စွမ်းအင်အများစုကို ပြည်တွင်း၌ပင် ထုတ်လုပ်သည်။

“ဒါကြောင့် အမေရိကန်အတွက် ဇာတ်လမ်းက ပစ္စည်းရှိမရှိ ဆိုတာထက် ဈေးနှုန်း အကြောင်းက ပိုအရေးကြီးနေတာပါ” ဟု Citigroup ၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပညာရှင်ချုပ် နာသန် ရှီးတ်စ် (Nathan Sheets) က မှတ်ချက်ပြုသည်။

စစ်မဖြစ်မီက အရှေ့အလယ်ပိုင်းမှ နောက်ဆုံး တင်ပို့လိုက်သော စွမ်းအင်ထုတ်ကုန်များသည် အာရှသို့ ယခုမှသာ ရောက်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် စက်ရုံများအနေဖြင့် ထုတ်လုပ်မှု အပိုင်းတွင် ကြီးမားသော ညှိနှိုင်းမှုများ ပြုလုပ်ရလောက်အောင် ပြတ်လပ်မှုများ ပြင်းထန်လာရန် အချိန်အတန်ကြာ ဦးမည်ဖြစ်သည်။

ရေလက်ကြား ပိတ်ဆို့မှုသည် အမေရိကန်တွင် ကုန်စည်ပြတ်လပ်မှုများ ဖြစ်ပေါ်စေရန် မည်မျှအထိ ကြာရှည်ရမည်ဆိုသည့် တိကျသော အချိန်ကာလကို သတ်မှတ်ရန် ခက်ခဲကြောင်း ဘရောင်းက ဆိုသည်။ ပလတ်စတစ်နှင့် အထူးသဖြင့် အလူမီနီယံတို့သည် ဂိုဒေါင်များတွင် အမြောက်အမြား သိုလှောင်ထားလေ့ရှိသော ပစ္စည်းများ မဟုတ်ပေ။

သို့သော်လည်း ပလတ်စတစ် ပြတ်လပ်မှုသည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ရန် သုံးလခန့် ကြာနိုင်ပြီး၊ အလူမီနီယံ ပြတ်လပ်မှုကြောင့် မော်တော်ကား ထုတ်လုပ်သူများ ထုတ်လုပ်မှု လျှော့ချရရန် လေးလခန့် ကြာနိုင်ကြောင်း ဘရောင်းက ခန့်မှန်းခဲ့သည်။

ကုမ္ပဏီများသည် ကပ်ရောဂါအပြီးနှင့် ထရန့်၏ မကြာသေးမီက အကောက်ခွန် စည်းကြပ်မှု များအတွင်း ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များကို ခိုင်မာအောင်နှင့် အမျိုးစုံအောင် လုပ်ဆောင်ခဲ့ကြသည်။ ၎င်းသည် အမေရိကန် သွင်းကုန်လုပ်ငန်းရှင်များကို ဖြစ်ပေါ် လာနိုင်သော အနှောင့်အယှက်အချို့မှ ကြိုတင် ကာကွယ်ပေးထားသကဲ့သို့ ဖြစ်နေသည်။

ထို့ပြင် စစ်မဖြစ်မီက ကမ္ဘာ့ကုန်သွယ်ရေးသည် ကောင်းမွန်သော အခြေအနေတွင် ရှိနေခဲ့သည် -ထရန့် ၏ သွင်းကုန်ခွန် အများစုကို တရားရုံးချုပ်က ပယ်ဖျက်လိုက်ပြီးနောက် အမေရိကန်၏ အကောက်ခွန်များ ကျဆင်းသွားခဲ့သည်။ ဖေဖော်ဝါရီလတွင် ကမ္ဘာလုံးဆိုင်ရာ ပို့ကုန်များ အနည်းငယ် တိုးတက်လာခဲ့ပြီး မတ်လအစောပိုင်း အချက်အလက်များသည်လည်း ခိုင်မာ နေဆဲဖြစ်သည်။ အာရှဒေသတွင်ပင်လျှင် တရုတ် လျှပ်စစ်ကားများ၏ ဝယ်လိုအား မြင့်တက် လာခြင်းကြောင့် အခြေအနေ ကောင်းမွန်နေခြင်း ဖြစ်နိုင်သည်။

၎င်းသည် ပြောင်းလဲသွားနိုင်သည်။

“ရေလက်ကြားကို စနစ်တကျ ပြန်မဖွင့်နိုင်ဘူးဆိုရင် မှားယွင်းသွားနိုင်တဲ့ အရာတွေ အများကြီး ရှိနေတာကတော့ အသေအချာပါပဲ” ဟု ဘရောင်းက မှတ်ချက်ပြုခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် လူများ ဆီဖြည့်နေစဉ်။ Kim Hong-Ji/Reuters (ပုံ)

ဆိုးလ်မြို့ရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် အမျိုးသားတစ်ဦး ဆီဖြည့်ရန် ပြင်ဆင်နေစဉ်။ Jung Yeon-je/AFP/Getty Images (ပုံ)

လော့စ်အိန်ဂျလိစ် မြို့လယ်ရှိ Chevron ဓာတ်ဆီဆိုင်တစ်ခုတွင် ဓာတ်ဆီဈေးနှုန်းများကို ပြသထားစဉ်။ Jae C. Hong/AP (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 71 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 83 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက