နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

G20 ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များ၏ ကြေညာချက်တွင် ယူကရိန်းအား ရုရှားကျူးကျော်မှုကို အတိအလင်း ရှုတ်ချခြင်းမှ ရှောင်ကြဉ်။

အိန္ဒိယနိုင်ငံ၌ ကျင်းပနေသည့် G20 ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များ၏ ကြေညာချက်ကို စက်တင်ဘာလ (၉) ရက်နေ့က အတည်ပြုခဲ့ကြသည်။ အဆိုပါကြေညာချက်တွင် ရာသီဥတုဖောက်ပြန်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြခဲ့သော်လည်း ယူကရိန်းအား ရုရှားကျူးကျော်မှုကို အတိအလင်း ရှုတ်ချခြင်းမှ ရှောင်ကြဉ်ခဲ့ကြသည်။


ခေါင်းဆောင်များ၏ကြေညာချက်တွင် “ နိုင်ငံအားလုံးသည် နယ်မြေရယူရန် ခြိမ်းခြောက်မှု သို့မဟုတ် အင်အားအသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်´ ဟု ဖော်ပြထားသော်လည်း ရုရှားအမည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

၎င်းတွင် နျူကလီးယားလက်နက် အသုံးပြုမှုကို ဆန့်ကျင်သည့်စကားလုံးနှင့် စစ်ပွဲကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုကို အလေးပေးဖော်ပြထားသည်။

လက်ရှိအခြေအနေနှင့် ပတ်သက်၍ G20 တွင် ပါဝင်သော နိုင်ငံများတွင် ကွဲပြားခြားနားသော အမြင်များနှင့် အကဲဖြတ်မှုများ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားပြီး G20 အတွင်း နက်ရှိုင်းသော အကွဲအပြဲများ ရှိနေကြောင်းကို အသိအမှတ်ပြုခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် G20 ထိပ်သီးအစည်းအဝေးကို မတက်ရောက်ခဲ့ပါ။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဆာလ်လီဗင်က ခေါင်းဆောင်များ၏ ကြေညာချက်သည် အိမ်ရှင်နိုင်ငံ အိန္ဒိယ၏အင်အားနှင့် G20 ၏စည်းလုံးညီညွတ်မှုကို ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

သို့သော်လည်း မနှစ်က G20 ခေါင်းဆောင်များ၏ ကြေညာချက်ကဲ့သို့ “အဖွဲ့ဝင်နိုင်ငံအများစုသည် ယူကရိန်းစစ်ပွဲကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း” နှင့် နှိုင်းယှဉ်လျှင် အားပျော့သည့် ကြေညာချက် ဖြစ်သည်။

ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူမှုကွန်ရက် Facebook တွင် “ပြင်းထန်သော စကားလုံးကို အသုံးပြုလိုသည့် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်နိုင်ငံများကို ကျေးဇူးတင်ကြောင်း” ပြောကြားခဲ့သော်လည်း “ယူကရိန်းကို ရုရှားကျူးကျော်မှုနှင့် ပတ်သက်၍ G20 ၏ ကြေညာချက်သည် ဂုဏ်ယူစရာ မရှိကြောင်း” ဝေဖန်ခဲ့သည်။

Source: CNN, Japan

ဓာတ်ပုံ /G20 ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဘိုင်ဒင် (လက်ယာ) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်တို့ကို တွေ့ရစဉ်။ Dan Kitwood/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 3 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 22 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။