၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။
မုန်းမြို့က စစ်ကောင်စီတပ်အင်အား(၃၀)ခန့် အထိုင်ချတပ်စွဲထားတဲ့ ကော့ပြင်းတပ်စခန်းကို ဒီဇင်ဘာလ (၇)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်မှာ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီ ကော့ပြင်းတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDF တို့ ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။



တိုက်ပွဲစတင်တဲ့အချိန်မှာပဲ စစ်ကောင်စီတပ်ဖွဲ့၀င်တွေအားလုံး ထွက်ပြေးသွားခဲ့တာကြောင့် စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကာ စခန်းကနေ MA-3 (၃)လက်၊ ပစ္စတို (၁)လက်၊ ၆၀မမ မော်တာ(၁)လက်တို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၀င်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။