နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ကမ္ဘာ့စီးပွါးရေးဦးမော့လာရေးအတွက် ရေနံထုတ်လုပ်မှုလျှော့ချဖို့ ရုရှားနဲ့ဆော်ဒီတောင်းဆို

ကမ္ဘာ့စီးပွါးရေးကောင်းကျိုးအတွက် OPEC အဖွဲ့ဝင်တွေ ရေနံထုတ်လုပ်မှု လျှော့ချဖို့ သဘောတူညီချက်မှာ ပါဝင်ဖို့ ကမ္ဘာ့အကြီးဆုံးရေနံထုတ်လုပ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ ဆော်ဒီအာရေဗျတို့က တောင်းဆိုလိုက်ပါတယ်။ ရုရှားသမ္မတပူတင်ဟာ မကြာသေးမီရက်ပိုင်းအတွင်း ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆာမန်းနဲ့တွေ့ဆုံခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ကရင်မလင်နန်းတော်က ရုရှား-ဆော်ဒီ နှစ်နိုင်ငံကြားအပြီးသတ်ဆွေးနွေးမှုတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ရေနံစည်ထုတ်လုပ်မှုကို တစ်ရက် စည် 2.2 သန်း လျှော့ချဖို့ ရေနံထုတ်လုပ်တင်ပို့တဲ့နိုင်ငံများကောင်စီ(OPEC)ဝင် နိုင်ငံအချို့နဲ့ ရုရှားနိုင်ငံတို့ သဘောတူညီမှုရယူနိုင်ခဲ့ပြီး ရုရှားနဲ့ ဆော်ဒီအာရေဗျတို့ကလည်း တစ်ရက်ရေနံထုတ်လုပ်မှု စည် 1.3 သန်းကို လျှော့ချဖို့ သဘောတူညီမှုရရှိခဲ့တာပါ။

ကရင်မလင်ရဲ့ ထုတ်ပြန်ချက်မှာတော့ “ကမ္ဘာ့စီးပွါးရေးတိုးတက်ပြောင်းလဲလာဖို့အတွက် OPEC အဖွဲ့ဝင်နိုင်ငံတွေအားလုံး သဘောတူညီချက်မှာ ပါဝင်လာဖို့ အရေးကြီးပါတယ်”လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ ရေနံထုတ်လုပ်မှုလျှော့ချရေးအတွက် OPEC အဖွဲ့ဝင်နိုင်ငံတွေကြားမှာ နှစ်မျိုးကွဲလွဲနေပါတယ်။ ရေနံစျေးနှုန်းမတည်ငြိမ်မှုကြောင့် စီးပွါးရေးထိခိုက်တဲ့နိုင်ငံတွေက စျေးနှုန်းတက်ဖို့ ဆန္ဒရှိနေကြပေမယ့် အချို့သောနိုင်ငံတွေကတော့ ရေနံစျေးမြင့်တက်လာရင် ခရီးသွားလုပ်ငန်းဘက်မှာ ထိခိုက်သွားမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 24 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 41 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)