နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပုဒ်မ ၉၉ ကို မှီငြမ်း

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်။

ဤပုဒ်မ ၉၉ က အတိအကျ ဘာကိုဆိုလိုပါသလဲ။

**********************************************

“ထို ပုဒ်မ ၉၉” ကို ဆယ်စုနှစ်များစွာ အသုံးမပြုခဲ့ပေ။ အစ္စရေး၏ထိုးစစ်က ပြင်းထန်လာကာ အရပ်သားများ သေဆုံးဒဏ်ရာရမှု တိုးလာခြင်းကြောင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဂါဇာတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဘေး ကျရောက်တော့မည့်ကိစ္စအား လုံခြုံရေးကောင်စီအား သတိပေးရန် ယခုသီတင်းပတ်အတွင်း ရှားရှားပါးပါး အသုံးပြုခဲသော အာဏာကို ကျင့်သုံးခဲ့သည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းတောင်းဆိုရန် အဖွဲ့ဝင်များကို ၎င်းက တိုက်တွန်းခဲ့သည်။

ဂူတာရက်စ်သည် လွန်ခဲ့သည့် ရာစုနှစ်တစ်ဝက်ကျော်က နောက်ဆုံးအသုံးပြုခဲ့သည့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ပုဒ်မ ၉၉ ကို ခေါ်ဆိုခဲ့ပြီး အတွင်းရေးမှူးချုပ်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ယုံကြည်ရသည့် ကိစ္စရပ်များကိုကုလလုံခြုံရေး ကောင်စီအား အသိပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်ပြီး၊ အေပီသတင်းအတွက် ကုလသမဂ္ဂ သတင်းထောက် သက်တမ်းရှည် အကြီးအကဲ Edith M. Lederer က ၎င်းပုဒ်မသည် ဘာကို ဆိုလိုနိုင်သည်ကို ပိုင်းခြားရှင်းပြထားသည်။

ပုဒ်မ ၉၉ ဆိုတာဘာလဲ၊ ဂူတာရက်စ်က ဘာကြောင့် ထုတ်သုံးလာရတာလဲ။

*******************************************************************

၎င်းသည် ကုလသမဂ္ဂဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခု ဖြစ်သည်။ ကုလသမဂ္ဂ၏ ထိပ်တန်းသံတမန်ဖြစ်သူ အတွင်းရေးမှူးချုပ်သည် “မည်သည့်ကိစ္စမဆို သူ၏အမြင်တွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရာတွင် ခြိမ်းခြောက်နိုင်သည်” ဟု ယူဆပါက လုံခြုံရေးကောင်စီ၏ အာရုံစူးစိုက်မှုကို ရရှိရန် ပုဒ်မ ၉၉ ကို သုံးစွဲနိုင်သည်ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂတွင် စစ်မှန်သောအာဏာကို ၎င်း၏ အဖွဲ့ဝင် ၁၉၃ နိုင်ငံနှင့် အထူးသဖြင့် လုံခြုံရေးကောင်စီတွင် ထမ်းဆောင်သည့် နိုင်ငံ ၁၅ နိုင်ငံမှ ချုပ်ကိုင်ထားပြီး အထွေထွေအတွင်းရေးမှူးအား အရေးကြီးသော ထပ်လောင်း အာဏာကို ပေးထားသည်။ ပုဒ်မ ၉၉ ကို အသုံးပြုမှု အလွန်နည်းပါးသည်။ နောက်ဆုံးအကြိမ် အသုံးပြုမှုမှာ ၁၉၇၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထူထောင်ခွင့်ပေးကာ ပါကစ္စတန်မှ ခွဲထွက်စေခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ၏ လူသားချင်းစာနာထောက်ထားမှုစနစ်နှင့် အရပ်ဘက်ဆိုင်ရာအမိန့်များ အလုံးစုံပြိုကျမည့်အန္တရာယ်ကို ရှုမြင်နေရသောကြောင့် ဂူတာရက်စ်က ပုဒ်မ ၉၉ ကို တောင်းဆိုခဲ့သည်။ သူ့အနေနှင့် ဤအဖြစ်ဆိုးကြီးကို အဆုံးသတ်ဖို့ လိုအပ်သည်ဟု ခံစားရသည့်အတွက် ဖြစ်သည်။

၎င်းသည် အကျိုးသက်ရောက်မှု မည်မျှဖြစ်နိုင်သနည်း။

အမေရိကန်တွင် ဗီတိုပါဝါ ရှိနေသည်။

**************************************************

အာရပ်နှင့် အစ္စလမ္မစ်နိုင်ငံတို့သည် ဂူတာရက်စ်၏တောင်းဆိုချက်ကို ချက်ချင်း လိုက်နာကြသည်။ လုံခြုံရေးကောင်စီဆိုင်ရာ အာရပ်ကိုယ်စားလှယ် ယူအေအီးသည် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ရန် တောင်းဆိုထားသော တိုတောင်းသော ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ဖြန့်ဝေခဲ့သည်။ ၎င်းတို့သည် သောကြာနေ့နံနက်တွင် လုံခြုံရေးကောင်စီ အစည်းအဝေး၌ အဆိုပါဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားသည်။

အစ္စရေး၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်ပြီး ဗီတိုအာဏာသုံးနိုင်သည့် အမေရိကန်ပြည်ထောင်စုသည် အပစ်အခတ်ရပ်စဲရေးကို ထောက်ခံခြင်း မရှိပေ။ အစ္စရေး-ဂါဇာစစ်ပွဲတွင် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍသည် အရေးပါသော သံခင်းတမန်ခင်း လမ်းကြောင်းသို့ ပါဝင်ရန် မဟုတ်ကြောင်း အမေရိကန် ဒုတိယသံအမတ် ရောဘတ်ဝုဒ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ယခုအချိန်တွင် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် “အသုံးဝင်မည်မဟုတ်” ဟု ပြောကြားခဲ့သည်။ ဤအချက်သည် ဖြစ်နိုင်ချေရှိသည့် ဗီတိုအာဏာသုံးမည်ကို အချက်ပြခြင်း ဖြစ်နိုင်သော်လည်း အမေရိကန်ကတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ဤကိစ္စတွင် အဘယ်ကြောင့် တောင်းခံရသနည်း။

*********************************************

အဘယ်ကြောင့်ဆိုသော် ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုစနစ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ပြိုလဲသွားသည်ဟု ဂူတာရက်စ်က ယုံကြည်သောကြောင့် ဖြစ်သည်။ “အစ္စရေး ကာကွယ်ရေးတပ်တွေရဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေထိုင်ဖို့ နေရာမရှိ ဒါမှမဟုတ် အသက်ရှင်သန်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အခြေအနေတွေ ကင်းမဲ့နေတဲ့ကြားမှာ၊ ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ နေထိုင်မှု အခြေအနေဟာ မကြာခင်မှာ လုံးဝပြိုပျက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ အကန့်အသတ်နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေတောင်မှ ရရှိဖို့ မဖြစ်နိုင်ဘူး” ဟု သူ၏စာထဲတွင် သတိပေးထားပါသည်။ ”

အိမ်နီးချင်းနိုင်ငံများသို့ ပါလက်စတိုင်းများ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်ရသည့် အခြေအနေကို ညွှန်ပြပြီး အခြေအနေမှာ ပိုဆိုးလာနိုင်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ ကျရောက်လာမည့် ဘေးဥပဒ်ကို သူက မြင်နေသည်။ ယခင်ကုလသမဂ္ဂအတွင်းရေးမှူးများသည် လုံခြုံရေးကောင်စီသို့ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုများ ရှိလာပါက ပုဒ်မ ၉၉ ကို ဖော်ပြခြင်းမရှိဘဲ တင်ပြခဲ့သည်။ ယင်းတွင် ၁၉၆၀ ခုနှစ်တွင် ကွန်ဂို၊ ၁၉၇၉ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သော အီရန်ရှိ အမေရိကန် ဓားစာခံအကျပ်အတည်း၊ ၁၉၈၀ ခုနှစ် အီရန်-အီရတ်စစ်ပွဲ၊ မကြာသေးမီက ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရိုဟင်ဂျာ ကိစ္စများတွင် တင်ပြခဲ့ကြ[ဖူးသည်။

ပုဒ်မ ၉၉ ကို အဘယ်ကြောင့် သူတို့က မတောင်းဆိုခဲ့ကြသည်ကို ကျွန်ုပ်တို့ မသိပါ၊ ယခင် အထွေထွေ အတွင်းရေးမှူး အများအပြားလည်း ယခု အချိန်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။ ဂူတာရက်စ်သည် အစ္စရေးကို ဟားမတ်စ်တို့၏ တိုက်ခိုက်မှုနှင့် ဂါဇာရှိ ပါလက်စတိုင်း အရပ်သားများ သေဆုံးမှု အလွန်မြင့်မားခြင်း နှစ်ခုစလုံးနှင့် ပတ်သက်၍ အလွန်ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 15 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 24 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 32 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်