နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ မီးရှို့ဆန္ဒပြတဲ့ တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံး

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်၊ ခေတ်မျတ်လုံး။

မနေ့က ညပိုင်းက ရန်ကုန်မြို့တာမွေမြိုန့ယ်ထဲက သီတာလမ်းထိပ်မှာ ကားလမ်းမပေါ် မီးရှို့ ဆန္ဒပြနေချိန် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။

“ မနေ့ ညပိုင်းက ရန်ကုန်မြို့ထဲ မြို့နယ်အချို့က ကားလမ်းမတွေမှာ တာယာမီးရှို့ဆန္ဒပြခဲ့ကြပါတယ်။ လူထုလွတ်မြောက်ရေးတိုက်ပွဲကြီးမှာ ပါ၀င်တိုက်ပွဲ၀င်ရင်း ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးကို အလေးပြု ဦးညွှတ်ပါတယ်” လို့ သပိတ်စစ်ကြောင်းက ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်တပ်နဲ့ အရပ်၀တ်တွေက သီတာလမ်းထိပ်မှာ ပိတ်ဆို့ဖမ်းဆီးစစ်ဆေးကာ လူငယ်အချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ မြို့နေပြည်သူတွေက ပြောဆိုထားပါတယ်။

အဲဒီလို တာမွေမြို့မှာ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တဲ့ ညပိုင်းအချိန်မှာပဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

မနေ့တုန်းက ရန်ကုန်မြို့တစ်ဝိုက်မှာ ကားလမ်းမတွေပေါ် တာယာတွေ မီးရှို့ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ နည်းလမ်းပေါင်းစုံသုံးကာ တိုက်ပွဲ၀င်ကြဖို့ ပင်မသပိတ်စစ်ကြောင်းက တိုက်တွန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 20 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 17 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 18 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ အဓိကအချက်များမှာ – တပ်ဖွဲ့များ၏
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 27 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 27 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 60 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင်က ချင်းအမျိုးသားတို့လွတ်မြောက်ရေးအတွက်