စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀ ကျော်ခန့်မီးလောင် ပျက်စီး ရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ဧပြီ (၈) ရက် နံနက် ၆ နာရီခွဲအချိန်က ဘုတလင်မြို့နယ်၊ ယုန်လှေးကုန်း ရွာမှာ ညအိပ်ခဲ့တဲ့စစ်ကောင်စီတပ်ဟာယုန်လှေးကုန်းရွာသစ်၊တရော်တောရွာနှင့် ကုက္ကိုစုရွာ တို့ကို မီးရှို့ဖျက်ဆီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ရွာတွေအပါအဝင် ဘေးနားကရွာတွေပါလူဦးရေ ၁၅၀၀ ကျော်ခန့် ဟာ စစ်ကောင်စီ ရန်ကြောင့် တိမ်းရှောင်နေရတယ်လို့ ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ က ပြောပါတယ်။
အာဏာသိမ်းကာလအတွင်း ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
Era’sEyes | Photo – CJ / စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ယုန်လှေးကုန်းရွာသစ်နှင့် တရော်တောရွာနေအိမ်များအားတွေ့ရစဥ်။