နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းလဝက ဖမ်းဆီးခံရတဲ့ Lion Battalion တပ်ဖွဲ့ က PDF ရဲဘော် သုံးဦးစလုံး ကျဆုံးသည့်သတင်းမဟုတ်မှန်

ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေတဲ့ Lion Battalion တပ်ဖွဲ့ က PDF ရဲဘော် သုံးဦး ဧပြီလ (၁) ရက်နေ့မှာ မဲဆောက်ကို ဆေးခန်းသွားပြစဥ် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် BGF မှ တစ်ဆင့် စစ်ကောင်စီကို လွှဲပြောင်းပို့ဆောင်ခြင်းခံလိုက်ရပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဧပြီ ၄ ရက်နေ့မှာ BGF ကို လွှဲပြောင်းပေးအပြီး BGF မှ စစ်ကောင်စီကို လွှဲပြောင်းရန် ပြုလုပ်စဉ် PDF ရဲဘော် သုံးဦးက ထွက်ပြေးရန် ကြိုးစားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခံလိုက်ရပြီး ရဲဘော်သီဟ ကျဆုံးသွားကြောင်းနဲ့ ကျန်ရဲဘော် (၂) ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


နောက်ဆက်တွဲ သတင်းတွေအရတော့ သုံးဦးစလုံး အသတ်ခံရတယ်ဆိုတာ မဟုတ်မှန်ဘဲ လက်ရှိ ဓာတ်ပုံထဲမှာ မြင်တွေရတဲ့ ပုံအရ PDF ဒုစစ်ကြောင်းမှူး ကိုသီဟနဲ့ အတူ ရဲဘော် ထက်နေဝင်းတို့ (၂) ဦးကို မျက်လုံးပိတ်ကာ၊ ကားထဲမှာ လက်ထိပ်ခတ်ပြီး မသက်မသာ အနေအထားနဲ့ ဖမ်းဆီးလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အခု အနေအထားရ အဲဒီ သုံးဦးအနက် ၂ ဦးမှာတော့ အသက်ရှင်လျက်ရှိနေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရဲဘော် စောဖြိုးလေးကိုတော့ ဓာတ်ပုံထဲမှာ တွေ့မြင်ခြင်း မရှိရပါဘူး။ လက်ရှိအချိန်မှာ ကိုသီဟနဲ့ ကိုထက်နေဝင်းတို့ (၂) ဦးဟာ စစ်ကောင်စီလက်ထဲ ကျရောက်နေပြီဖြစ်တဲ့အတွက် အသက်အန္တရာယ် စိုးရမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NUG ကလည်း သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းနေတယ်လို့ သိရှိရပါတယ်။


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းရဲ၊ ထိုင်းလဝက အပြင် မြန်မာဘက်ခြမ်းက အရပ်ဝတ်ရဲနဲ့ ထောက်လှမ်းရေးများလည်း ရှိတဲ့အတွက် မဲဆောက်မြို့မှာ နေထိုင်သူများ သတိထားသွားလာဖို့နဲ့ မလိုအပ်ရင် အပြင်မထွက်ကြဘဲ လုံခြုံရေးကို သတိထားဖို့ လိုအပ်တယ်လို့ မဲဆောက်နေ မြန်မာအသိုင်းအဝိုင်းဆီက သိရှိရပါတယ်။
Era’sEyes | Photo – စစ်ကောင်စီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 21 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 17 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 25 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး
မြန်မာသတင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 229 Views
မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Broken System(BS)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အုပ်စု ခံစစ်ဆင်ရတဲ့နေရာတွေ များပြားလာအောင် ကြိုးစားတိုက်ပွဲဝင်ရမယ့်အချိန်လို့ PLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 29 Views
ဇန်နဝါရီလ (၂၃)ရက်။ အခုနွေဦးတော်လှန်ရေး (၅)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးမိုးနယ်မြေတွေ ရယူထားနိုင်တဲ့ကာလလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစိုးမိုးနယ်မြေတွေကို စစ်ကောင်စီက စစ်ရေး၊ သံတမန်အရေး ဖိအားတွေနဲ့ ပြန်လည်ရယူထားနိုင်ပေမယ့် အချို့နေရာတွေမှာ ခံစစ်ဆင်နေရတဲ့ အခြေအနေလို့
မြန်မာသတင်း

ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက စစ်ရှောင်တွေနေတဲ့ရွာကို စစ်တပ်ဗုံးကြဲ၊ သေဆုံးသူ (၂၀)နီးပါးရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 29 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က ဗန်းမော်မြို့အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကောင်ဂျာရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ကချင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူထံက သိရပါတယ်။ “ ညနေ(၄)နာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ ကောင်ဂျာရွာကို စကမက လေကြောင်းကနေ ပေါင်
မြန်မာသတင်း

ထိုင်ရဲကို ပစ်ခတ်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်အဖွဲ့ထံ ပြန်လွှဲပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 29 Views
ဇန်နဝါရီလ (၂၂)ရက်။ ထိုင်းရဲတပ်ကြပ်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၂၀)ရက်နေ့ ညနေ (၅)နာရီခွဲခန့်က
မြန်မာသတင်း

မောင်တောမြို့မှာ စစ်တပ်ထောင်ထားတဲ့ M-14 မိုင်း (၇၈)လုံး AA သိမ်းဆည်းရမိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 39 Views
ဇန်နဝါရီလ (၂၂)ရက်။ မောင်တောမြို့မှာ စစ်တပ်နဲ့ ARSA ARA နဲ့ RSO အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို AA က ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ဇန်နဝါရီလ (၂၀)ရက်နဲ့ (၂၁)ရက်တို့မှာ