နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

ဖားကန့်မြို့နယ်က စ‌ဗျစ်ခူးမှော်ကျေးရွာတစ်ရွာလုံးကိုပြောင်းရွှေ့ပြီး ကျောက်စိမ်းတူးဖော်ဖို့ စီစဉ်နေ။

စက်တင်ဘာလ လဆန်းကပိုင်းကစပြီး ကချင်လွတ်‌လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ ဦးဆောင်ပြီး အိမ်တန်ဖိုး အမျိုးအစားအလိုက် A,B,C ခွဲပြီး ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကချင်ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


စပျစ်ခူးရွာဟာ နေအိမ် ၁၆၀ ကျော်၊ မိသားစုဝင်ဦးရေ ၅၀၀ ကျော်နေထိုင်နေပြီး၊ ကျေးရွာတည်ရှိနေတာဟာ နှစ်ပေါင်း လေးဆယ်နီးပါး ရှိခဲ့ပြီလို့ သိရပါတယ်။

နေအိမ်များရွှေ့ပြောင်းရန်အတွက် ညှိနှိုင်းနေတဲ့ ရွှေ့ပြောင်းစရိတ်၊ အိမ်တန်ဖိုးတွေက လက်ရှိကုန်ဈေးနှုန်းအခြေအနေအရ နည်းပါးနေတဲ့အတွက် အများစုက လက်မခံနိုင်ဘဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒီလိုပြောင်းရွှေ့ရမယ့်ကိစ္စမှာ KIA ဘက်က စပျစ်ခူးကျေးရွာအနီးရှိ မျောက်ဖြူမှော်ကျေးရွာအနီးမှာ မြေနေရာ အစားထိုး ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး (ပေ၄၀×၆၀) ရှိ မြေနေရာ တစ်ကွက်နဲ့အတူ ရွှေ့‌ပြောင်းခ၊ လက်ရှိ နေအိမ်တန်ဖိုးတွေကို တွက်ချက်ပေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ နေထိုင်နေတဲ့စပျစ်ခူးရွာနေရာမှာ ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေး အားလုံးအဆင်‌‌ပြေအောင် ဆောင်ရွက်ထားရှိပြီးဖြစ်တဲ့အတွက် တစ်ခြားတစ်နေရာကို ရွှေ့ပြောင်းရပါက အဆင်မပြေမှုတွေ ကြုံရမှာကို စပျစ်ခူး‌ကျေးရွာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းတွေကို မိုးရာသီကာလကုန်လွန်တဲ့ အောက်တိုဘာလကစပြီး မေလအကုန်အထိ တူးဖော်လုပ်ကိုင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ ကျေးရွာပေါင်း ၅၄ ရွာ ရှိတယ်လို့ သိရပါတယ်။ လက်ရှိ ဖားကန့်ကျောက်စိမ်းမှော်တွင် မှော်ကျေးရွာပေါင်း ၁၀၀ ကျော် ထပ်မံတည်ရှိနေခဲ့ပြီး ရွှေ့ပြောင်းလုပ်သားဦးရေ သုံးသိန်းကျော် နေထိုင်နေတယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအားလုံးဟာ ၂၀၂၀ ပြည့်နှစ်မှာ သက်တမ်းအားလုံး ကုန်ဆုံးပြီး ဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်ကျောက်စိမ်း တူးဖော်မှုဟာ စစ်ကောင်စီ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပါ ဆက်လက်တူးဖော်နေတာဖြစ်ပါတယ်။


ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များကို Google Map တွင် တွေ့မြင်ရပုံ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 28 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို