နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

1027 Operations

1027 Operations Burma Civil War

နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးမှာ TNLA ပူးပေါင်းတပ်ဖွဲ့ သံချပ်ကာကား (၁) စီးကို ဖျက်စီး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။

တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးမှာ သံချပ်ကာကား (၃) စီးနဲ့ စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်ကို မနေ့ ည (၉) နာရီ (၄၅) မိနစ်အချိန်မှာ တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာကား (၁) စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး၊ ကျန်တင့်ကား (၂) စီးနဲ့ စစ်ကူများသည် နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ TNLA ရဲ့ ဒီနေ့ နိုဝင်ဘာလ (၉) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့၊ မန်တုံအခြေစိုက် စစ်ကောင်စီ ခလရ- ၁၀၃ တပ်စခန်းက မနေ့ ညနေ (၅) နာရီလောက်မှာ မန်ပတ်ကျေးရွာဘက်ကိုလက်နက်ကြီးနဲ့ (၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့အခြေစိုက် စစ်ကောင်စီ ခမရ-၃၂၄ တပ်စခန်းကလည်း ဒီနေ့ ညနေ (၅) နာရီလောက်မှာ နမ္မတူဘောင်တွင်း ဆည်ကြီးဘက်ကို လက်နက်ကြီးနဲ့ (၇) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ စစ်ကောင်စီ ဂုတ်ထိပ်တပ်စခန်းကဒီနေ့ နေ့လည် (၁) နာ မိနစ် (၃၀) မှာ ရူခင်းသာဘက်ကို လက်နက်ကြီးနဲ့ (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ် ဆမ်မဆယ်ကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်က ဒီနေ့ နေ့လည် (၁) နာရီကနေ ညနေ (၄) နာရီအထိ လက်နက်ကြီးနဲ့ (၁၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် (၄)လုံး ထိမှန်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တပ်မဟာ (၄) စစ်ဒေသ၊ လားရှိုးမြို့ စစ်ကောင်စီ ခလရ-၆၈ တပ်စခန်းကလည်း ဒီနေ့ မနက် (၆) နာရီ မိနစ် (၅၀) ကနေ ညနေ (၄) နာရီ မိနစ် (၂၀) အထိ နာလိုင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ (၂၈) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ဘုန်းကြီးကျောင်း ထိမှန်ပျက်ဆီးခဲ့ပြီး လူ(၄) ဦးထိမှန်ကာ (၃)ဦးသေဆုံးပြီး (၁) ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီ အပေါ်စီးကနေ ဆွေးနွေးမယ့်သဘောလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီက အပေါ်စီးကနေ ဆွေးနွေးမယ့်သဘောဆောင်နေတယ်လို့ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ
1027 Operations မြန်မာသတင်း

ကူမင်းဆွေးနွေးပွဲမစခင် တရက်အလို နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးအလုံးရေ (၁၇၀)ကျော် တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေအပါအဝင် လေယာဉ်နဲ့ ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA
1027 Operations မြန်မာသတင်း

နိုင်ငံရေးနဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အခုအချိန်အထိ ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်တာက နိုင်ငံရေးနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲဆိုတာကို ညွှန်ပြနေတာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PSLF/TNLA ကို (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့
1027 Operations မြန်မာသတင်း

မိုးကုတ်မြိုတွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦးသေဆုံးပြီး ‌(၁၉) ဦး ထိခိုက်ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 16 Views
ဖေဖော်ဝါရီလ ၁၁ ရက်TNLA သိမ်းထားတဲ့ ရှမ်းပြည်နယ် မိုးကုတ်မြိုမှာ မနေ့က ဖေဖော်ဝါရီလ (၁၀)ရက်နေ့ည သန်းခေါင်ယံအချိန် စစ်ကောင်စီက လေ‌ကြောင်းကနေ ဗုံးအလုံး (၂၀) လောက် ကြဲချတိုက်ခိုက်ခဲ့တဲ့ ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့
1027 Operations မြန်မာသတင်း

သီပေါမြို့အဝင်မုခ်ဦးပုံစံ TNLA ပြောင်းလဲတဲ့‌အပေါ် သျှမ်းအရပ်ဖက်အင်အားစုတွေ ကန့်ကွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၈)ရက်။ TNLA က သီပေါမြို့အဝင်ဆိုင်းဘုတ်ကို ပုံစံပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီး သျှမ်းအရပ်ဖက်အင်အားစုတွေက ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သီပေါမြို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် မြို့အဝင်ဆိုင်းဘုတ်ကို ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ လူမျိုးစုတစ်ခုထဲသာ ကိုယ်စားပြုတဲ့
1027 Operations မြန်မာသတင်း

‌သီပေါမှာ ဒေသခံ (၄၀)ကျော်ကို ဖမ်းဆီးခဲ့တယ်ဆိုတာ သတင်းအမှားလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၆)ရက်။ သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံ (၄၀)ကျော်ကို ဖမ်းဆီးခဲ့တယ်ဆိုတာ သတင်းအမှားလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စံဖိတ်ကျေးရွာမှာ ဖုန်းအသုံးပြုနေတဲ့ ဒေသခံ (၄၀)ကျော်ကို TNLA တပ်သားတွေက ဖမ်းဆီးသွားတယ်လို့
1027 Operations မြန်မာသတင်း

တအာင်းပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၄)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ တအာင်းပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၈)ရက်နေ့က မိုးကုတ်မြို့အရှေ့ပိုင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
1027 Operations မြန်မာသတင်း

နယ်မြေအငြင်းပွားတာကနေ လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်ခဲ့တဲ့ TNLA နဲ့ KIA တို့ရဲ့ရုပ်သံ လူမှုကွန်ရက်မှာ နာမည်ကြီးနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 44 Views
ဇန်နဝါရီလ (၂၈)ရက်။ ရှမ်းမြောက်ဒေသမှာ နယ်မြေအငြင်းပွားတာကို TNLA နဲ့ KIA နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်တွေက လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်တာပြုလုပ်တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီရုပ်သံဖိုင်ထဲ TNLA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးတို့ အပြန်အလှန် ထိုးကြိတ်နေပြီး