နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသားညီညွတ်ရေး အစိုးရဟာ လေလှိုင်းထဲက အစိုးရ မဖြစ်စေရဘူး၊ ပြည်သူကိုလက်တွေ့လုပ်ရပ်နဲ့ သက်သေပြမယ် ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား၊ NUG အစိုးရအနေနဲ့ အတိတ်ကဖြစ်ခဲ့တဲ့ နိုင်ငံရေးအမှားတွေကို သင်ခန်းစာယူ ဆောင်ရွက်ကြရမှာဖြစ်

NUG ယာယီသမ္မတ ဒူဝါလရှီးလ

အမျိုးသားညီညွတ်ရေး အစိုးရဟာ လေလှိုင်းထဲက အစိုးရ မဖြစ်စေရဘူး ၊ ပြည်သူကို လက်တွေ့လုပ်ရပ်နဲ့ သက်သေပြမယ် ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ကြောင်းသိရသည်။ ယနေ့ ဇန်နဝါရီ (၁၀) ရက်တွင် ကျင်းပခဲ့သည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက “ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာ တခုကတော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူးဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးအလုပ်တွေကိုလည်း လုပ်မယ်။ ဖြစ်သင့်တာတွေကို ဖြစ်နိုင်ချေရှိလာအောင်လည်း ကြိုးစားကြမယ်။ အထူးသဖြင့် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့ သက်သေပြချင်ပါတယ်´´ဟု ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ အစည်းအဝေးပြုလုပ်နေစဉ်။

၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်​သလို ပြည်သူလူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမယ်လို့ ယုံကြည်ကြောင်း NUG အစိုးရအနေနဲ့ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး အမှားတွေကို သင်ခန်းစာယူကာ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း လေးလေးနက်နက်တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ယာယီသမ္မတက ၂၀၂၃ ခုနှစ် သည် တော်လှန်ရေးအတွက် တဆစ်ချိုးအပြောင်းအလဲ တွေရှိလာမယ့် နှစ် ဟု ယုံကြည်ထားကြောင်း ၊ ဒီလိုကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ် စစ်ရေး အရ ပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာကိုလည်းမြင်တွေ့ရကြောင်း စသည် ဖြင့် ပြောကြားသည်။

ယာယီသမ္မတက ဆက်လက်ပြောကြားသည်မှာ “ ကျွန်တော်တို့နဲ့ မဟာမိတ်ဆက်ဆံရေးအားဖြင့် လက်တွဲထားတဲ့ တော်လှန်သော အစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေးအထောက်အပံ့နဲ့ စစ်ရေး အကူအညီတွေလည်း ရသင့်သလောက် ရထားကြတာတွေ့ရလို့ကျွန်တော့်အနေနဲ့အားတက်ရပါတယ်” ဟု ပြောကြားခဲ့သည်။

ဒါ့အပြင်စစ်ရေးစိုးမိုးဧရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက်အဖြစ် ရှုမြင်ဖို့ လိုအပ်သလို စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ကိစ္စကို အထူးပြုလုပ် ဆောင်ဖို့ရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။

“ စစ်ရေးစိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို လက်တွေ့ကျကျ အသက်မသွင်းနိုင်ရင် အဲဒီနေရာမှာ တကယ်ခုခံတော်လှန်နိုင်တာ မဟုတ်သေးဘူးလို့ တွက်ဆနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက် မှသာ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ် မြဲမြဲနဲ့ ရရှိနိုင်မယ်လို့ ပြောချင်ပါတယ်။ ဒီအချက်ဟာ လက်တွေ့ဖြစ်နိုင်ချေရှိသလို၊မြေပြင်မှာလည်း လက်တွေ့လုပ်ဆောင်နေတဲ့ ကိစ္စတွေဖြစ်တာ တွေ့ရပါတယ်” လို့ ယာယီသမ္မတက ပြောကြားခဲ့သည်။

Lay Pyay/Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 10 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့
မြန်မာသတင်း

နွားထိုးကြီးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြိုင်နယ်ရှိ တွင်းမပျုစောထီးရွာထဲ လေယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့ PDF ရဲဘော်တွေရှိလာတာနဲ့ PLA ရဲဘော်တွေရဲ့ မိသားစုဝင်တွေ လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခံရတာ စတဲ့