နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေး တံတားဦးလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေး တံတားဦးလေတပ်ကို ဖေဖော်ဝါရီလ ၉ ရက် ညပိုင်းက လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေ ဆီက သိရပါတယ်။ တံတားဦးလေတပ်ဝန်းထဲကို တော်လှန်ရေးအဖွဲ့များက ၉၀ မမ လက်နက်ကြီး ၄ လုံးနဲ့ ဖေဖော်ဝါရီ (၉) ရက် ည ၁၀ နာရီအချိန်ခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေတပ်အတွင်း ပျက်စီးထိခိုက်မှု အခြေအနေ‌တွေကို မသိရသေးဘူးလို့ ပြောပါတယ်။

လေတပ်ထဲကို ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေကတော့ အထိအခိုက်မရှိပဲ အောင်မြင်စွာပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ပြည်သူတွေကို ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ အဓိကအသုံးပြုတဲ့ တိုက်လေယာဉ်တွေဟာ တံတားဦးလေတပ်က စတင်ထွက်ခွါလာတဲ့ တိုက်လေယာဉ်တွေဖြစ်ကြပြီး ၊ တံတားဦး လေတပ်ကို အဓိကထားအသုံးပြုတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဖားကန့် အနန့်ပါရွာ လေကြောင်းတိုက်ခံခံရမှုဖြစ်စဉ်မှာ အသုံးပြုခဲ့တဲ့ တိုက်လေယာဉ်တွေဟာလဲအဲဒီတံတားဉီး လေယာဉ်ကွင်းကနေ ထွက်ခွါတိုက်ခိုက်ပေးနေတာ ဖြစ်တယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုတယ်ဆိုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတယ်လို့ MNDAA ပြော

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 13 Views
ဧပြီလ (၂၄)ရက်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတာကြောင့် သတိပြုကြဖို့ ကိုးကန့်တပ်(MNDAA)က မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံ‌ခြားရေးဝန်ကြီးပြောတယ်ဆိုပြီး စစ်လော်ဘီတွေဖြန့်ဝေနေ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 14 Views
ဧပြီလ (၂၄)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ရေးသားဖြန့်ဝေနေကြတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ
မြန်မာသတင်း

မြို့နယ်ပေါင်း (၆၀)ကို ကိုယ်တိုင်ခန့်သမ္မတမင်းအောင်လှိုင် အရေးပေါ်အခြေအနေကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 13 Views
ဧပြီလ (၂၄)ရက်။ မြို့နယ်ပေါင်း (၆၀)မြို့ကို ကိုယ်တိုင်ခန့်သမ္မတမင်းအောင်လှိုင်က အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့နဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းဖို့ဆိုပြီး တိုင်းနဲ့ပြည်နယ်အချို့က မြို့နယ် (၆၀)ကို အရေးပေါ်အခြေအနေ ကြေညာခဲ့တာလို့ သိရပါတယ်။
မြန်မာသတင်း

တပ်နဲ့ကင်းကွာတဲ့ ရဲဘော်တွေ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ မတ္တရာမြို့နယ်ပကဖ ဆင့်‌ခေါ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 29 Views
စစ်တပ်ဘက် ကူးပြောင်းပြီး သွေးဆောင်ဖျားယောင်းနေတဲ့ ရဲဘော်ဟောင်းတွေကို အရေးယူမယ်လို့ဆို ဧပြီလ (၂၃)ရက်။ တပ်နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေ ပြန်လည်လာရောက်ပြီး တာဝန်ထမ်းဆောင်ကြဖို့ မတ္တရာမြို့နယ်ပကဖက ဆင့်ခေါ်ထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမြို့နယ်ပကဖက ခွင့်လွန်၊ ခွင့်မဲ့၊ တပ်ပြေးရဲဘော်တွေအနေနဲ့
မြန်မာသတင်း

အာဆီယံနဲ့ ပုံမှန်ဆက်ဆက်ရေး ပြန်ရဖို့ ထောက်ခံပေးမယ်ဆိုပြီး နေပြည်တော်ရောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 26 Views
ဧပြီလ (၂၃)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်ခဲ့တာကို ဝမ်းမြောက်ပြီး နှစ်ဆန်းတရက်နေ့မှာ အကျဉ်းသားတွေ
မြန်မာသတင်း

နေပြည်တော်အနီး စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁) ပူးပေါင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 29 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က နေပြည်တော် လယ်ဝေးမြို့ အောင်ချမ်းသာရွာသစ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁)ကို တိုက်ခိုက်ခဲ့တယ်လို့ သံတောင်မြောက်ပိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခမရ(၄၁၁) စခန်းသိမ်းတိုက်ပွဲဟာ (၁၅)မိနစ်ခန့် ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

KTLA ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 26 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၄)နာရီအချိန်က ကစယ်ဒိုမြို့ သမီးပေါ်သောရွာမှာ KNLA တပ်ဖွဲ့ဝင်တွေကို KTLA က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သမီးပေါ်သောရွာထဲ လုံခြုံရေးယူနေတဲ့
မြန်မာသတင်း

ငဖဲမြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ ကပစ(၁၄) ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 28 Views
ဗိုလ်အဆင့်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရခဲ့ ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ငဖဲမြို့ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၁၄)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ CDF-Asho ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။