စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရတဲ့ ကျေးရွာ တစ်ရွာကို S&C မီးဘေးစစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့က ဆန်ဆီဆားတွေ လှူဒါန်းခဲ့တယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။











အဲဒီလို လှူဒါန်းရာမှာ မီးရှို့ခံရတဲ့ အိမ်ထောင်စု ၁၇၁ စုအတွက် ဆန် ၊ ဆီ ၊ ဆားတွေ လှူဒါန်းခဲ့တာဖြစ်တယ်လို့ လည်း အသိပေးထားပါတယ်။
S&C မီးဘေးစစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့အနေနဲ့ မြို့နယ် ၆ မြို့နယ်က ကျေးရွာ ၃၆ ရွာရဲ့ အိမ်ထောင်စုပေါင်း ၁၅၄၂ စုအတွက် ဆန် ၊ ဆီ ၊ ဆားတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
Era’sEyes | Photo – S&C