ချင်းပြည်နယ် တီးတိန်မြိုနယ် သိုင်းငင်းရွာက စစ်ကောင်စီရဲ့ သိုင်းငင်းဗျူဟာ စခန်းကို ချင်းကာကွယ်ရေး တပ်ပေါင်းစု အဖွဲ့များက ဒီကနေ့ ဇူလိုင်လ (၁၁) ရက်နေ့ မနက် လေးနာရီလောက်ကနေ နေ့လည် ၁၂ နာရီအထိ ၀င်ရောက် တိုက်ခိုက်စီးနင်းခဲ့ရာ စစ်ကောင်စီဘက်နှစ်မှာ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး ချင်းဒေသကာကွယ်ရေး တပ်ပေါင်းစုဘက်ကလည်း (၄) ဦး ကျဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CDF CDM SIYIN ရဲ့ တာဝန်ခံက ခေတ်မျက်လုံးကို ပြောပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်ပေါင်းစု (CDF CDM SIYIN, PDF Zoland, PDF Zoland ME-B5,CNDF,TCDF , KKG B7, PDA နဲ့ PDF Kalay, S2 အဖွဲ့များက သိုင်းငင်းက စစ်ကောင်စီစခန်းကို မနက် လေးနာရီလောက်မှာ ၀င်ရောက်တိုက်ခိုက် စီးနင်းခဲ့ရာ စစ်ကောင်စီတပ်ဘက်က အမြောက်အများသေဆုံး ထိခိုက်ဒဏ်ရာ ရရှိပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ CDF CDM SIYIN ရဲ့ တာဝန်ခံက ခေတ်မျက်လုံးကို ပြောပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်ပေါင်းစုဘက် ကျဆုံးခဲ့တဲ့ရဲဘော်တွေကတော့-
CDF-KKG မှ (၁) ဦး၊ CDM Siyin မှ (၁) ဦး၊ PDF Zoland မှ (၁) ဦးနဲ့ Kalay PDF မှ (၁) ဦး ဖြစ်ကြောင်း သိရှိရပါတယ်။
ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ် သေဆုံးဒဏ်ရာရရှိမှုကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမျိုး မရှိဘဲ ခေတ်မျက်လုံး သတင်းဌာနအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ဓာတ်ပုံ။ ကလေး-တီးတိန်လမ်းပေါ်က သိုင်းငင်းရွာနှင့် ကျဆုံးခဲ့သည့်ရဲဘော်များ