နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

Myanmar Politics

Myanmar Politics

အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်တဲ့ စစ်ကောင်စီကို ထိရောက်တဲ့နည်းလမ်းတွေနဲ့ တိုးချဲ့ ပိတ်ဆို့အရေးယူဖို့ KNU တောင်းဆို

ပြည်သူတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ဥပဒေမဲ့ ကျူးလွန်တဲ့ အာဏာသိမ်းစစ်ကောင်စီကို ထိရောက်တဲ့နည်းလမ်းတွေနဲ့ တိုးချဲ့ ပိတ်ဆို့၊ အရေးယူဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ဒီကနေ့ စက်တင်ဘာလ (၁၁)ရက်မှာ တောင်းဆိုထားချက်အရ သိရပါတယ်။


မူတြော်ခရိုင်၊ ဒွယ်လိုးမြို့၊ နားကိုခီးကျေးရွာအုပ်စုထဲက ထီးကော်ထာရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသားနဲ့ ဆရာဆရာမ (၄)ဦးခန့်သေဆုံးပြီး (၆)ဦးဒဏ်ရာရရှိခဲ့တဲ့အပေါ် KNU က အခုလို ထုတ်ပြန်တောင်းဆိုလာတာပါ။

စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာတရားရေးယန္တရားတွေ၊ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေအပြင် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထိရောက်လက်တွေ့ကျတဲ့နည်းလမ်းနဲ့ တိုးချဲ့ပိတ်ဆို့၊ အရေးယူဖို့ KNU က တောင်းဆိုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

စက်တင်ဘာလ (၇)ရ က်နေ့က ထီးကော်ထာရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားခဲ့တဲ့ ကျောင်းသားတွေဟာ (၁၃) နှစ်အရွယ်၊ (၁၄) နှစ်အရွယ်နဲ့ (၁၆) နှစ်အရွယ်တို့ဖြစ်ကြပြီး (၅၆)နှစ်အရွယ် ကျောင်းဆရာတစ်ဦးလည်း ပါဝင်ကာ ကျောင်းသား (၂) ဦး၊ ကျောင်းသူ (၅) ဦးနဲ့ ဆရာမ (၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Burma Myanmar Politics

(၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေ ပြန်လည်ရွေးနုတ်လိုပါက ခွင့်ပြုမယ်လို့ NUG ပြော

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 1.01K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ (၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေကို ပြန်လည်ရွေးနုတ်လိုပါက စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်လည်ရွေးနုတ်ခွင့်ပြုသွားမယ်လို့
Myanmar Politics

နှစ်နိုင်ငံဒီမိုကရေစီအရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့ NUG နဲ့ လစ်သူရေးနီးယားလွှတ်တော်အမတ်တွေ ဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 1.01K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ နှစ်နိုင်ငံ ဒီမိုကရေစီအရေး ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ဖို့ NUG ဝန်ကြီး
1027 Operations Myanmar Politics

စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ထပ်မံကျင်းပ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 1.13K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို စစ်ကောင်စီက မနေ့ (နိုဝင်ဘာ ၈ ရက်) က နေပြည်တော်မှာ ထပ်မံပြုလုပ်လိုက်ပါတယ်။ အာဏာသိမ်းကာလအတွင်း
Myanmar Politics မြန်မာသတင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားမယ်လို့ NLD ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 1.04K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။ ပြည်သူနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ NLD က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၈)ရက်နေ့ဟာ
Myanmar Politics

(၂၆) ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG တို့တွေ့ဆုံကာ မြန်မာအရေးဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 1.03K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ နိုဝင်ဘာလ (၂)ရက်နေ့က (၂၆)ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ သမ္မတရုံး
1027 Operations Myanmar Politics ပြည်တွင်း အနုပညာ

ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနုပညာရှင်တွေ သွားရောက်ဖျော်ဖြေဖို့ ဆွေးနွေးညှိနှိုင်း

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 1.09K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေဖို့ ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)
1027 Operations Myanmar Politics

ညီနောင်မဟာမိတ် (၃) ဖွဲ့ ကျေးဇူးတင်ကြောင်း ထုတ်ပြန်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 1.09K Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်၊ ခေတ်မျက်လုံး။ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြတဲ့ မြန်မာပြည်သူလူထု
Myanmar Politics

၁၀၂၇ စစ်ဆင်ရေး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ (၅) စစ်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း (၁) ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 933 Views
၁၀၂၇ စစ်ဆင်ရေး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ (၅) စစ်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း (၁) ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိ သိန္နီ၊ အောက်တိုဘာ ၃၀ ရက် ၁၀၂၇ စစ်ဆင်ရေးအောက်မှာ တအာင်းပြည်နယ်၊ တပ်မဟာ (၅)