နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြဝတီမြို့ သင်္ဃန်းညီနောင် အာရှလမ်းမကြီးအပိုင်း တိုက်ပွဲ ပြင်းထန်နေ

မြဝတီ မြို့ နယ်အတွင်း သင်္ဃန်းညီနောင်ဘက် အာရှလမ်းမကြီးမှာ စစ်ကောင်စီနဲ့ BGF တပ်တွေက နယ်မြေရှင်းလင်းရေးဆိုပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။အဲဒီထိုးစစ်ကြောင့် အာရှလမ်းမကြီးဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။

အာရှလမ်းမကြီးဘက်မှာ ပစ်ခတ်တိုက်ခိုက်သံတွေကြားနေရပြီး လမ်းကို လည်း ပိတ်ထားတဲ့အတွက် တချို့ ကားတွေလည်း တိုက်ပွဲကြောင့် ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ KNLA ပူပေါင်း မဟာမိတ် စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် BGF တို့အကြား ဧပြီလ ၁၀ ရက်စလို့ ဒီကနေ့အထိ တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာပါ။


ဧပြီလ ၁၀ရက် မနက် ၇ နာရီမှာ တိုက်ပွဲဖြစ်တဲ့ ပတ်ဝန်းကျင်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ် နေတယ်လို့ သိရပါတယ်။ ကရင်ပြည်နယ် မြဝတီ မြို့ နယ်ထဲက ရွှေကုက္ကိုလ် မြို့သစ်၊ အပါအဝင် ဝေါလေ၊ ကော့ကရိတ်၊ကျုံဒိုး၊ အာရှလမ်း၊ တောင်ကြာအင်း၊ မဲကနယ် ၊သင်္ဃန်းညီနောင်၊ မြေနီကုန်း၊ မြစန္ဒီ ရပ်ကွက် စတဲ့ဒေသဘက်တွေ မှာ စစ်ကောင်စီတပ်၊ BGF တပ်တွေနဲ့ KNLA ပူးပေါင်း မဟာမိတ်စစ်ကြောင်းတွေနဲ့ ရက်ရှည် တိုက်ပွဲတွေ ဖြစ်နေတာပါ။


အဲဒီတိုက်ပွဲတွေကြောင့် အနီးဝန်းကျင် ကျေးရွာ ၂၀ လောက်က ဒေသခံ ၂သောင်း လောက် နေရပ်စွန့်ခွာ ထွက်ပြေး စစ်ဘေးရှောင်နေကြရပါတယ်။ အခုရက်ပိုင်းဖြစ်နေတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က စစ်တပ်အရာရှိအဆင့်တွေ အပါအဝင် ၃၀ ကျော် သေဆုံးသလို၊ ၃၃ယောက်ဒဏ်ရာရ ပြီး၊ လက်နက်ခဲယမ်း တွေ သိမ်းဆည်းရမိ တယ်လို့ KNLA ပူးပေါင်း စစ်ကြောင်း ကော်ပရာက ထုတ်ပြန် ထားပါတယ်။


KNLA ပူးပေါင်း တပ်တွေဘက်ကတော့ ရဲဘော် ၃ဦး ကျဆုံး၊ ၅ဦး ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ သိရ ပါတယ်။
မြဝတီအပါအဝင် ကရင်ပြည်နယ်ဘက်က တိုက်ပွဲဖြစ်စဥ် လူထိခိုက်သေဆုံးမှု၊ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေသေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

Era’sEyes | ဓာတ်ပုံ – Cobra Column

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 17 Views
ဇန်နဝါရီလ (၂၉)ရက်။ သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုလော်ဘီ မှိုင်းဝေရဲ့ တယ်လီဂရမ်အကောင့်ကနေ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်၊
မြန်မာသတင်း

ကျောက်ဖြူမှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 21 Views
ဇန်နဝါရီလ (၂၉)ရက်။ ရခိုင် ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင်က ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

ညွှန်ကြားချက်တွေကို ဆန့်ကျင်တာကြောင့် ရဲဘော်ညိုအောင်ကို PRF ရှုတ်ချထုတ်ပယ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 47 Views
ဇန်နဝါရီလ (၂၈)ရက်။ အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ PRF ရဲ့ ဗဟိုကော်မတီဝင်နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ဟာ ဇန်နဝါရီလ (၈)ရက်နေ့ကစတင်ပြီး ညွှန်ကြားချက်နဲ့ ဆန့်ကျင်ကာ မဟာမိတ်ထိန်းချုပ်ဒေသမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ကို Facebook ဖယ်ရှား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 38 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ခုကို Facebook က ဖယ်ရှားလိုက်တယ်လို့ Justice for Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖယ်ရှားခံရတဲ့ အကောင့်အများစုဟာ
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် (၃)နှစ်အရွယ်အပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 39 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ ည (၉)နာရီ (၂၅)မိနစ်အချိန်က ဒူးသထူခရိုင်မှာ စစ်တပ်ရဲ့ ခမရ(၃)ကနေ ၁၂၀မမ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ KNPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 41 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်တဲ့ပုံစံနဲ့