စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကန်ဒေါင့်ရဲစခန်းကို PDFက ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ M7 PEOPLE’S DEFENSE FORCEက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်လက်ပါးစေ၊ ကန်ဒေါင့်ရဲစခန်းကို မေ ၁၀ရက် ည ၈နာရီ၄၅မိနစ်ကစတင်ပြီး မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ၂၀၂ တပ်ရင်း M7 PEOPLE’S DEFENSE FORCE နဲ့ မဟာမိတ် ညီနောင်တပ်ရင်းတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲကြာချိန် ၃နာရီအတွင်း အပြန်လှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ည၁၂ နာရီအချိန်မှာ တိုက်ပွဲကနေ ပြန်လည်ဆုတ်ခွာခဲ့ကြပြီး မဟာမိတ် ညီနောင်တပ်ရင်းတပ်ဖွဲ့အချို့ဖြစ်တဲ့ ပြည်သူ့ရဲဘော် ၁ဦးစိုးရိမ်ရအခြေအနေနဲ့ ၅ဦးမစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
Era’sEyes / Photo -CJ