နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ နယ်ထိန်းရဲတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ Royal Peacock Column ထုတ်ပြန်

တပ်တွင်းသတင်းပေး(ဖရဲသီး)ရဲ့ တိကျတဲ့ သတင်းပေးမှုအရ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ နယ်ထိန်းရဲတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Royal Peacock Column ရဲ့ ဩဂုတ်လ (၁၁)ရက်နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းတစ်နေရာမှာ  အမှတ် (၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ ရိုးမဗျူဟာစစ်ကြောင်းတွေဖြစ်တဲ့ Royal Peacock Column၊ Spring Warriors Column၊ (၃၇၀၂)တပ်ရင်းတွေက ရှောင်တခင်  စီးနင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ရှောင်တခင်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ရာမှာ စစ်ကောင်စီရဲ့လက်ကိုင်တုတ်ဖြစ်တဲ့ အောင်ကိုကိုနိုင်အမည်ရှိ နယ်ထိန်းရဲကို ဖမ်းမိနိုင်ခဲ့တယ်လို့ သိရပါတယ်။

နယ်ထိန်းရဲဖြစ်သူ အောင်ကိုကိုနိုင်ဟာ မဒေါက် ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတစ်ဦးဖြစ်ပြီး ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အစဉ်တစိုက် ဒုက္ခပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းမိခဲ့တဲ့ နယ်ထိန်းရဲ့ ထွက်ဆိုချက်နဲ့ လက်ကိုင်မိုဘိုင်းဖုန်းထဲက အချက်အလက်တွေအရ ပြည်သူလူထုကိုခြိမ်းခြောက်ပြီး သတင်းပေးလုပ်ခိုင်းတာ၊ ငွေညှစ်တာ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ထောင်ချောက်ဆင်ဖမ်းဆီးတာနဲ့ သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KIA က ဖားကန့်ဒေသထဲ တပ်သားသစ်စုဆောင်းတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေ စာပို့တင်ပြထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 15 Views
အောက်တိုဘာလ (၁၅)ရက်။ ဖားကန့်ဒေသထဲ တပ်သားသစ် စုဆောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသတော်လှန်ရေးအင်အားစုတွေက KIA ရဲ့ အမှတ်(၉)တပ်မဟာမှူးထံ အောက်တိုဘာလ (၁၁)ရက်နေ့ရက်စွဲနဲ့ စာပို့တင်ပြထားတယ်လို့
မြန်မာသတင်း

ရန်ကုန် မင်္ဂလာဒုံရှိ ကြံ့ခိုင်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 13 Views
အောက်တိုဘာလ (၁၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၀)မိနစ်အချိန်က မင်္ဂလာဒုံမြို့ရှိ ကြံ့ခိုင်ရေးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုက အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 13 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုဟာ အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထောင်နဲ့ အချုပ်ခန်းက အချုပ်သားတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ဆိုပြီး ဖိအားပေးနေတာ။ မဲထည့်ဖို့ငြင်းရင် ကန့်ကွက်မဲဆိုပြီး
မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA ပွဲကိုတက်တဲ့ ခေါင်းဆောင်ဟောင်းတွေက အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 15 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေဟာ အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတာနီးက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ဒီပုဂ္ဂိုလ်တွေက တချိန်တုန်းက KNU ခေါင်းဆောင်တွေဆိုပေမယ့် အခုကာလမှာ
မြန်မာသတင်း

တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့‌ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 9 Views
အောက်တိုဘာလ (၁၅)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijiun နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်တပ်က
မြန်မာသတင်း

လားရှိုးမှာ နေရပ်မပြန်နိုင်သေးတဲ့ ကျောက်မဲနဲ့ နမ္မတူက စစ်ဘေးရှောင် (၃၀၀၀)ဝန်းကျင်အထိရှိ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 12 Views
အောက်တိုဘာလ (၁၄)ရက်။ လားရှိုးမြို့မှာ နေရပ်မပြန်နိုင်သေးတဲ့ ကျောက်မဲမြို့နဲ့ နမ္မတူမြို့က စစ်ဘေးရှောင် (၃၀၀၀)ဝန်းကျင်အထိ ရှိလာတယ်တယ်လို့ SSPP ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ကျောက်မဲမြို့ပြန်ရဖို့ စစ်တပ်က အင်အား(၁၀၀၀)ကျော်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့်
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ထီးခီးရွာထဲ စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 45 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေရှိ ထီးခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မယ်သမီခီး(ထီးခီး)ရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ
မြန်မာသတင်း

စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ ကုလသံအမတ် ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 24 Views
အောက်တိုဘာလ (၁၄)ရက်။ စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ မနေ့က ကုလသမဂ္ဂမှာပြုလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာကလေးငယ်တွေရဲ့ ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုဟာ ထိတ်လန့်တာတွေနဲ့ ပြည့်နှက်နေပြီး အများစုဟာ စစ်အုပ်စုရဲ့ မဆင်မခြင်