ချင်းပြည်နယ် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာကို စစ်ကောင်စီက ဒီနေ့မနက် (၁၁) နာရီခန့်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားများကာကွယ်ရေးတပ် (CNDF) ထံက သိရပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဲဒီကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခဲ့တာပါ။







စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲချခြင်းကြောင့် တစ်ရွာလုံး လှုပ်ခါသွားရတယ်လို့လည်း ချင်းလူအခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း၊ လူနေအဆောက်အအုံ (၁၀) လုံးခန့် ပြိုကျပျက်စီးခဲ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီလကလည်း ရမ်ထလိုရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးပါတယ်။
Era’sEye/News