ပဲခူးတိုင်း၊ သဲကုန်းမြို့လယ်ခေါင်က ဈေးအနီးမှာ ပျူစောထီးခေါင်းဆောင် ဦးစိုးအောင်ကို ဒီကနေ့ မနက် (၆) နာရီ (၃၀) မိနစ်အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Bago Region PDF ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ အမာခံအကြီးစားထောက်တိုင် ပျူစောထီးခေါင်းဆောင် စိုးအောင်ကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၃)၊ တပ်စု (၃) Wisdom အဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သေနတ်နဲ့ (၃) ချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ပျူစောထီးခေါင်းဆောင် စိုးအောင်ဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားကာ စစ်ဆင်ရေးမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်အန္တရာယ်မရှိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စိုးအောင်ဟာ စစ်ကောင်စီက ခေါ်ယူတဲ့ ပြည်သူ့စစ်(ပျူစောထီး) ဖွဲ့စည်းတာ၊ စစ်သင်တန်းပေးတာတို့အတွက် လူအင်အား ရှာဖွေစုဆောင်းတာနဲ့ စည်းရုံးသိမ်းသွင်းတာတွေကို အဓိကလုပ်ဆောင်ပေးနေသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေနဲ့ အတူနေထိုင်သွားလာတာတွေမလုပ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားသွားလာတာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဆီ အချိန်မီသတင်းပို့ပြီး တော်လှန်ပြည်သူတွေအဖြစ် ပါဝင်ဆောင်ရွက်ဖို့ Bago Region PDF ရဲ့ အသိပေးတိုက်တွန်းထားချက်အရ သိရပါတယ်။