နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပုလဲမြို့ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေတာကြောင့် ဒေသခံတစ်သောင်းနီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အနောက်တောင်ဘက်ခြမ်းသို့ စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက် လာတာ ကြောင့် ကျေးရွာဆယ်ရွာနီးပါးမှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ခေတ်မျက်လုံးကိုပြောပါတယ်။


အဲဒီစစ်ကြောင်းဟာ အင်အား ၃၀၀ ကျော်ခန့်နဲ့စစ်ကြောင်းထိုးလာတာကြောင့် ပုလဲမြို့ရှိ ကံကြီး ၊ ကျေးနင်း ၊ ခေါ်သာနီ ၊ ဆင်ရှင် ၊ မင်းမ အနောက်ရွာ ၊ ကြူခြံ ၊ ကျေးသများ ၊ သတင်းကျေးရွာ စတဲ့ကျေးရွာတွေရှိ ဒေသခံ ပြည်သူတွေ အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“ စစ်ဘေးရှောင်တစ်သောင်းလောက်ရှိတယ်။ ပြည်သူ့နေအိမ်တွေထဲက ဆန်၊ အိမ်ထောင်ပရိဘောဂ၊ စက်ပစ္စည်း အပြင် အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွား၊ ဝက်တွေကိုပါ စစ်ကောင်စီတပ်က ဝင်ရောက်ခိုးယူပြီး ကားတွေနဲ့ သယ်ဆောင် သွားခဲ့တာတွေလည်းရှိတယ်။ ရှိသမျှပစ္စည်းတွေယူတယ်။ အခုစစ်ကြောင်းသုံးကြောင်းလုံးက ကံကြီးရွာထဲကို ပေါင်းသွားပြီ” လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၅ ရက်ကစပြီး ပုလဲမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး အောက်တိုဘာလ ၁၁ ရက် မနေ့ကအထိ ပုလဲမြို့ပေါ် စာသင်ကျောင်းနဲ့ ပြည်သူ့ဆေးရုံမှာ ယာယီတပ်စွဲထားသလို အဲဒီစစ် ကြောင်းက ဆားလင်းကြီးမြို့နယ်ဘက်နေ စစ်ကား ၁၇ စီး၊ အင်အားသုံးရာကျော်နဲ့ ရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပြင်ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁၂ ရက် ထုတ်ပြန်ချက်အရ ပြည်တွင်းနေရပ်စွန့်ခွာရသူ နှစ်သန်းနီးပါးရှိလာပြီး အဲဒီထဲက ၁ ဒသမ ၇ သန်းနီးပါးဟာ အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ NLD ထုတ်ပယ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 18 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ NLD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ မဲလက်မှတ်တွေဟာ သွေးစွန်းတဲ့မဲပြားတွေအနေနဲ့ သမိုင်းဆိုးတွင်မှာသာဖြစ်တယ်လို့ KSIP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 40 Views
ဒီဇင်ဘာလ (၂၅)ရက်။ အကြမ်းဖက်စစ်တပ်ဟာ မကြာမီ အတုအယောင်ရွေးကောက်ပွဲအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေပြဋ္ဌာန်းပြီး လူထုကို အကြောက်တရားသွင်းကာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကရင်နီပြည်
မြန်မာသတင်း

ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 44 Views
ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ ဒီဇင်ဘာလ (၂၅)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့က ရေတာရှည်မြို့နယ် စစ်တပ်အထိုင်ချပြ မဲရုံဆောက်နေတဲ့ ကျေးရွာတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်မယ်လို့ စလင်းပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၅)ရက်။ စလင်းမြို့နယ်၊ ဆင်ဖြုကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်သွားမယ်လို့ စလင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဆင်ဖြူကျွန်းမြို့နေ ပြည်သူတွေအနေနဲ့ ဒီကနေ့ နံနက် (၈)နာရီအချိန်ကနေ ညနေ (၆)နာရီထဲ
မြန်မာသတင်း

မိုးကုတ်ရှိ ကျေးရွာတရွာနဲ့ စစ်တပ်စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ခြေကုပ်ယူထားတဲ့ မိုးကုတ်မြို့နယ်ထဲက ကျေးရွာတရွာနဲ့ စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်သူရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို မိမိတို့ဘက်က အထူးစစ်ဆင်ရေးတွေ
မြန်မာသတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 37 Views
စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန် ဒီဇင်ဘာလ (၂၄)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ဗဟိုကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ စစ်တပ်က
မြန်မာသတင်း

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 30 Views
ဒီဇင်ဘာလ (၂၄)ရက်။ အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Facebook က ထပ်မံဖယ်ရှားတာမှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 37 Views
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို ဒီဇင်ဘာလ (၂၄)ရက်။ မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်က