နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 22 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

NCA လမ်းကြောင်း ရပ်တန့်သွားပြီလို့ ABSDF, CNF နဲ့ KNU တို့ ပူးတွဲထုတ်ပြန်ချက်ထုတ်

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ ကရင်အမျိုးသားအစည်အရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement (NCA)) ၈ နှစ်ပြည့် အထိမ်းအမှတ်အပေါ် ဘုံသဘောထား ကြေညာချက်တစောင်ကို ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ ၂၀၂၁ အာဏာသိမ်းမှုဟာ NCA အခြေခံမူနဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးလိုက်တာဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေတဲ့အတွက် NCA ကိုအခြေခံတဲ့လုပ်ငန်းစဉ်နဲ့ ဆွေးနွေးပွဲလမ်းကြောင်းတွေလည်း ရပ်တန့်သွားခဲ့ပြီလို့ အဲဒီဘုံသဘောထား ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ကြည်း၊ ရေ၊ လေ စစ်အင်အားအသုံးပြုပြီး ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားတဲ့ဥပဒေတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် NCA မူ ပျက်ပြယ်စေဖို့ ပိုမိုခိုင်လုံစေပြီး စစ်တပ်က ငြိမ်းချမ်းစွာညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းကို စွန့်လွှတ်လိုက်ကြောင်းကို ပေါ်လွင်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်တပ်က အာဏာသိမ်းမှုဖယ်ရှားပြီး နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတာကို အဆုံးသတ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲတာအပါအဝင် ဘုံနိုင်ငံရေးရည်မှန်းချက် ၅ ရပ်ကို အဖွဲ့ ၃ ဖွဲ့အနေနဲ့ ချမှတ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NCA ထိုးထားတဲ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကလည်း ABSDF, KNU နဲ့ CNF တို့ရဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်ဖော်ဆောင်ရေးမှာ ပံ့ပိုးပေးကြဖို့ တိုက်တွန်းထားပါတယ်။

NCA သဘောတူလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ထဲက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကလည်း စစ်ကောင်စီရဲ့ အနှစ်သာရ မရှိတော့တဲ့ NCA ၈ နှစ်ပြည့်အထိမ်းအမှတ်ပြည့်နေ့ကို လုံးဝအသိအမှတ်မပြုဘဲ အဖိနှိပ်ခံပြည်သူတရပ်လုံးနဲ့ တသားတည်းရပ်တည်ကာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးအတွက် တော်လှန်ရေးအင်အားစုများနဲ့ လက်တွဲပြီး နည်းလမ်းပေါင်းစုံနဲ့ စစ်ကောင်စီကို တော်လှန်သွားမယ်လို့ အောက်တိုဘာလ (၁၂) ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုတပ် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကတော့ ဘယ်လို လုပ်ဆောင်မယ်ဆိုတာ မသိရသေးပါဘူး။

၂၀၂၃ အောက်တိုဘာ ၁၅ ရက်နေ့မှာ ၈ နှစ်ပြည့်တော့မယ့် NCA နှစ်ပတ်လည်ကို ခမ်းခမ်းနားနား ပြုလုပ်ဖို့ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဦးဆောင် လုပ်ဆောင်နေပြီး ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရောက်မယ်ဆိုတာတော့ မသိရသေးပါဘူး။

ဓာတ်ပုံ / လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ABSDF/CNF/KNU ရဲ့ ၂၀၂၃ အောက်တိုဘာ ၁၂ ရက် နေ့ထုတ်ပြန်ချက်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 16 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 17 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 17 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ
မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 27 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (၂)ကြိမ်၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ (၂)ကြိမ်နဲ့
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 26 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေစကြိုတပ်ဆီပြန်လာတဲ့ ခွေးစစ်ကြောင်းကို ပကဖရဲဘော်တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ပွဲက (၁)နာရီနီးပါးကြာတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 27 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 22 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 24 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊