နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

Hamas-Israel Conflict

Hamas-Israel Conflict စစ်ရေးသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးစစ်တပ်က တိုက်ခိုက်ပြီး ဆေးရုံလေးရုံကို ဝိုင်းရံပိတ်ဆို့ထား

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။

လွန်ခဲ့သည့် နာရီပိုင်းအတွင်းတွင် အစ္စရေးစစ်တပ်သည် ဂါဇာမြို့တော်ရှိ ဆေးရုံသုံးရုံနှင့် မြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံတို့ကို ဝိုင်းရံထားသည်။

ပူးတွဲပါ ဗီဒီယိုသည် နိုဝင်ဘာလ (၉) ရက်နေ့ညပိုင်းတွင် အစ္စရေးစစ်တပ်က အင်ဒိုးနီးရှားနိုင်ငံ၏ လှူဒါန်းငွေဖြင့် တည်ဆောက်ထားသော် အင်ဒိုးနီးရှားဆေးရုံကို တိုက်ခိုက်နေသည့် ဗီဒီယို ဖြစ်ပါသည်။

တင့်ကားများနှင့် သံချပ်ကာယာဉ်များကို အသုံးပြုကာ ၎င်းတို့သည် အဆိုပါဆေးရုံများအနီးတစ်ဝိုက် မီတာ ၁၀၀ ခန့်အကွာအဝေးရှိ ပတ်ဝန်းကျင်ကို ပိတ်ထားပြီး ထိုနေရာတွင် ဒဏ်ရာရသူနှင့် အိုးမဲ့အိမ်မဲ့ထောင်ပေါင်းများစွာကို ခိုလှုံနေရဆဲဖြစ်သည်။

လူများသည် Al-Rantisi ဆေးရုံနှင့် Nasser ဆေးရုံအတွင်းမှ အသနားခံစာများ ပေးပို့ခဲ့ပြီး ထွက်ပြေးခွင့်ပြုရန် တောင်းဆိုခဲ့သည်။

အစ္စရေးစစ်တပ်က အဆိုပါဆေးရုံများကို ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သော်လည်း ကြက်ခြေနီကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများထံမှ အာမခံချက်မရှိဘဲ လူများက စွန့်လွှတ်ထွက်ခွာရန်မရဲဘဲ ဖြစ်နေကြသည်။

Nasser နှင့် al-Rantisi ဆေးရုံများမှ ဂါဇာစီးတီးရှိ Salah al-Din လမ်းအရှေ့ဘက်သို့ ခရီးသည် အလွန်အန္တရာယ်များပြီး လေကြောင်းမှ တိုက်ခိုက်မှုများ အကြိမ်ကြိမ် ခံခဲ့ရသည်။

Video Credit: Mahmoud Abusalama

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ကို အမေရိကန်က သိမ်းပိုက်မယ်လို့ ထရန့် ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၅) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပါလက်စတိုင်းတွေကို ဂါဇာကမ်းမြောင်ကနေ ထွက်ခွာစေချင်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အရင်ကလည်း အဲ့ဒီလိုမှတ်ချက်ပေးခဲ့ဖူးပါတယ်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်း အစ္စရေးစစ်ဆင်ရေးမှာ အနည်းဆုံး ပါလက်စတိုင်း အနည်းဆုံး ၅၀ သေဆုံး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၃) ရက်။ ဇန်နဝါရီကတည်းက အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားရှင်းလင်းသည့် စစ်ဆင်ရေးကြီးမှာ အနည်းဆုံး
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အာရပ်နိုင်ငံများသည် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းများ ဆက်လက်နေထိုင်ခွင့်ကို အလေးပေးလက်ခံထားပြီး ပြည်နယ်နှစ်ခု အဖြေရှာမှု ဆောက်ရွက်ရန် တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၃) ရက်။ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ကာတာ၊ ဂျော်ဒန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့က ပါလက်စတိုင်းအာဏာပိုင်တွေနဲ့ အာရပ်အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေနဲ့အတူ ဂါဇာကမ်းမြောင်ဒေသမှာ “အရေးကြီးတဲ့ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြောင်း ဒီကနေ့ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီသဘောတူညီချက်ကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အာရှ

လွတ်လာသော ၁၅ လအကြာထိန်းသိမ်းခံထားရသည့် ထိုင်းဓားစာခံ ၅ ဦးသည် ကျန်းမာရေးမျှတကောင်းမွန်ကြောင်း အစ္စရေးဆရာဝန်များ ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 21 Views
ဇန်နဝါရီလ (၃၁) ရက်။ ဂါဇာကမ်းမြှောင်တွင် တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံထားရသော ထိုင်းဓားစာခံတစ်ဦး၏ မိခင်သည် ကြာသပတေးနေ့တွင် လွတ်မြောက်လာသောသားဖြစ်သူအား ဖေ့စ်ဘွတ်ခ် တိုက်ရိုက်ထုတ်လွှင့်မှုတွင် တွေ့မြင်ရသောအခါ အစပိုင်းတွင် သားဖြစ်သူသည် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့သည်ဟု ဆိုသည်။ ၂၀၂၃ ခုနှစ်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အယ်လ်ကိုက်ဒါအဖွဲ့ဝင်ဟောင်း ရှာရာရာ ဆီးရီးယား အသွင်ကူးပြောင်းရေးအစိုးရ၏ သမ္မတ ဖြစ်လာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 18 Views
ဇန်နဝါရီလ (၃၁) ရက်။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ အယ်လ်ကိုက်ဒါအဖွဲ့ဝင်ဟောင်း “အာဘူမိုဟာမက်ဂျိုလာနီ” လို့ လူသိများတဲ့ အာမက်ရှာရာရာ (Ahmed Sharaa) ကို ဆီးရီးယားယာယီအစိုးရရဲ့သမ္မတ အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဆီးရီးယား စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးကွပ်ကဲမှုဌာနက ၂၉ ရက်နေ့မှာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြှောင်မှ ‘အရာအားလုံးကို ရှင်းပစ်ရန်’ ထရန့် အကြံပြုခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 27 Views
ဇန်နဝါရီ (၂၆) ရက်။ ဂါဇာကမ်းမြောင်မှ ပါလက်စတိုင်း ၁ သန်းကျော်ကို အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းရန် ဖြစ်နိုင်ချေရှိသော အိမ်ရာများ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ဂျော်ဒန်ဘုရင်နှင့် စကားပြောခဲ့ကြောင်း စနေနေ့တွင် သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ စနေနေ့က ထရန့်၏ဒေသတွင်း
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး စစ်သမီးလေးဦးလွတ်လာတော့မည်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 36 Views
++++++++++++++++++++++++++ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဒုတိယအကြိမ် ဓားစာခံများ လွတ်မြောက်ရေးတွင် အစ္စရေးစစ်သမီးလေးဦးကို ယနေ့ စနေနေ့တွင် လွှတ်ပေးမည်ဖြစ်သည်။ လီရီအယ်ဘတ် (Liri Albag)၊ ကာရီနာ အာရီအက်ဖ် (Karina Ariev)၊ ဒယ်နီရယ်လာ ဂီလ်ဘိုဝါ (Daniella
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အပျက်အစီးများအောက်တွင် ပိမိနေခဲ့သော ချစ်ရသူတို့၏ ရုပ်အလောင်းများကို မိသားစုများက ပြန်လည်တူးဖော် ရရှိချိန်တွင် ဂါဇာတွင် ဝမ်းနည်းပူဆွေးမှုများ ပြန့်နှံ့လာခဲ့သည်။

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 33 Views
ဇန်နဝါရီ (၂၄) ရက်။ တနင်္ဂနွေနေ့က အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ကတည်းက လူ ၁၆၂ ဦး၏ ရုပ်အလောင်းများကို နယ်မြေအသီးသီးတွင် ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း ဂါဇာရှိ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။ ဂါဇာ၏တောင်ပိုင်း ခန်းယူနစ်စ် (Khan Younis) ရှိ