နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်နီပြည်က စစ်ကောင်စီတပ်စခန်း ၇ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။

ကရင်နီပြည်နယ်မှာ၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်း ၇ ခု သိမ်းပိုက် ရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။

လွိုင်ကော်မြို့အနီးက စစ်ကောင်စီတပ်စခန်းတွေကို ဒီနေ့ မနက် ၆ နာရီခန့်ကစပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လွိုင်ကော်၊ ဒီးမော့ဆို၊ နန့်မယ်ခုံ၊ နန့်စံခမ်း ဒေသတွေက စစ်ကောင်စီ တပ်စခန်း ၇ ခု သိမ်းပိုက်ရရှိပြီး ကျန်စခန်းတွေကို သိမ်းယူနိုင်ဖို့ ဆက်လက် တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီစေဖို့ KNDF အပါအ၀င် ဒေသခံ တော်လှန်ရေးတပ်တွေ ပါဝင်တဲ့ 4K တပ်ပေါင်းစုက အော်ပရေးရှင်း ၁၁၁၁ စစ်ဆင်ရေးအဖြစ် ကရင်နီပြည်နယ် အတွင်း ဒီကနေ့ စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်သာမြို့ထဲက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 20 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၆)ရက်နေ့က တောင်သာမြို့နယ်ထဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့
မြန်မာသတင်း

ပခုက္ကူခရိုင်ရှိ မြို့နယ်ပကဖတွေ ပူးပေါင်းလက်တွဲသွားမယ်လို့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 20 Views
ဧပြီလ (၂၉)ရက်။ ပခုက္ကူခရိုင်ထဲရှိ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့က ပကဖတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 14 Views
မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့ ဧပြီလ (၂၉)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၅၇)မိနစ်အချိန်က မန္တလေး ချမ်းမြသာစည်မြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ ရွှေဇာမဏီရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “
မြန်မာသတင်း

မန္တလေးမှာ အငြိမ်းစားပါမောက္ခတဦး လုယက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 15 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစား‌ပါမောက္ခတစ်ဦးကို အိမ်ပွဲစားက လုယက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ ဖြစ်တာက ပုသိမ်ကြီးဘက်မှာပါ။ အသိပွဲစားက အိမ်ပြမယ်ဆိုပြီး ပုသိမ်ကြီးဘက် ခေါ်သွားပြီးတော့
မြန်မာသတင်း

အဓမ္မစစ်သားစုဆောင်းတာကြောင့် ထွက်ပြေးလာတဲ့ လူငယ်တွေကို စောင့်ရှောက်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 15 Views
ဧပြီလ (၂၉)ရက်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံထဲ အတင်းအကြပ် စစ်မှုထမ်းစေတာရဲ့ လက်တွေ့အခြေအနေတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစောင်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအစီရင်ခံစာထဲ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရတဲ့ လူငယ်တွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေ
မြန်မာသတင်း

ဗန်းမော်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေ

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 26 Views
ဧပြီလ (၂၈)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ အခု ဗန်းမော်မှာ ကျန်နေသေးတဲ့ စကစတပ်စခန်းတွေနဲ့ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက အပြင်းအထန်
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦး သေဆုံးကာ (၁၆)ဦး ဖမ်းမိခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 21 Views
ဧပြီလ (၂၈)ရက်။ ဧပြီလ (၂၆)ရက်နေ့ နံနက် (၆)နာရီခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာ စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထားဝယ် မောင်မယ်ရှောင်ရွာ ရေး-ထားဝယ် အမှတ်(၈)
မြန်မာသတင်း

စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 26 Views
ဧပြီလ (၂၈)ရက်။ ဧပြီလ (၂၆)ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်က မင်းလှမြို့နယ် ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာထိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် (၃၈၀၂)တပ်ရင်း တပ်ခွဲ(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတွေက ပဲခူးရိုးမအစပ်မှာရှိတဲ့