နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်လေယာဉ်ပျက်ကျပြီး လေသူရဲ ၂ ဦး ထွက်ပြေးလွတ်မြောက်သွာ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။

ဒီနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်လောက်တွင် စစ်ကောင်စီတပ်ဂျက်လေယာဉ် မပျက်ကျမီ မဇ္ဈိမရဲ့ ရှေ့တန်းစစ်မြေပြင်ရောက်သတင်းထောက်က မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အရှေ့မြောက်ဘက်ကနေလာတဲ့ ဂျက်လေယာဉ်တစ်စီး ပုံမှန်ပျံသန်းမှုပြုနေခဲ့တာကို မှတ်တမ်းတင်နေခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဂျက်လေယာဉ်တွေ ဒီလိုပဲ ပုံမှန်ပျံသန်းနေတဲ့အတွက် ကအဲ့ဒီ ဂျက်လေယာဉ်က တိမ်တိုက်ထဲဝင်သွားလို့ ပျောက်ကွယ်သွားစဉ် ဗီဒီယိုမှတ်တမ်းတင်မှုကိုပိတ်လိုက်တယ်လို့ ဆိုပါတယ်။

အဲ့ဒီအချိန်မှာ ပေါက်ကွဲသံကြားခဲ့ရပြီး မီးပန်းတွေကို တွေ့မြင်လိုက်ရပြီးလေထီးနှစ်ခု ကျလာတာ ဆက်တိုက်ဆိုသလို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ လေယာဉ်ပျက်ကျမှုဖြစ်တာကို သတိထားလိုက်မိပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လေသူရဲများ ကျနိုင်သောနေရာတွေကို သွားရှာကြရာ လေသူရဲတစ်ဦးကျတဲ့နေရာကို တွေ့ရပြီး ကျန်ရှိပစ္စည်းတွေကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း ခုန်ချသွားတဲ့လေသူရဲတွေကို ရဟတ်ယာဉ်တွေ၊ ကင်းထောက်ဒရုန်းတွေနဲ့လည်း လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ကနဦးစုံစမ်းသိရှိရတာက ဘုရားဖြူရွာဘက်တိုက်ပွဲက ကရင်နီတော်လှန်ရေးတပ်တွေက ပစ်ချလိုက်လို့ ကျည်မှန်ပြီး တိုက်လေယာဉ် ပျက်ကျရတာဖြစ်တယ်လို့ ဆိုပေမယ့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

Source: မဇ္ဈိမသတင်း

Photo: စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 3 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 4 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့