စစ်ကိုင်းတိုင်း၊ တန့်ဆည်နှင့် ခင်ဦးမြို့နယ်အစပ်ရှိ ချောင်းရိုးကျေးရွာကို စစ်ကောင်စီတပ်က
စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်မီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။
အဲဒီလိုမီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ချောင်းရိုးကျေးရွာအပြင် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။





(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ တန့်ဆည် – ရေဦး လမ်းမကြီးအား လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ၊ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကသတိပေးထုတ်ပြန်ထားပါတယ်။
Era’sEyes